➡Ep10➡

488 41 4
                                    

ရာသီဥတု အတော်အသင့်သာယာပြီး ကောင်းမွန်တဲ့နေဖြစ်ပေမယ့် ရာသီဥတု မသာယာနိုင်တာက
စီအီးအို ဂျွန် မနေ့က ဖြစ်သွားတဲ့ ကိစ္စတွေကြောင့်
ကောင်လေး ကိုချော့ရန် ပြင်လိုက်သော်လည်း အိမ်ရောက်နှင့်ကာ ဖုန်းလည်းမကိုင်သောကြောင့်
ထိုင်မရ ထမရဖြစ်နေမိသည် ။

မနက်အစော သွားချော့ရန်ပြင်လိုက်သော်လည်း project အတွက် ဆွေးနွေးရမည့်နေ့မို့ အလုပ်ရှုပ်နေသည်မှာ အခုထိပင် ၊ ချာဝန်း ရယ် James Taket ပါလာမည့် အစည်းအဝေး မို့ ဖုန်းခေါ်ကြည့်သော်လည်းမရ မကြာခင်
စီအီးအို ချာဝန်းရောက်လာပြီး meeting ခန်းထဲ စောင့်နေပြီ ဖြစ်သောကြောင့် ခပ်မြန်မြန်သွားရသော်လည်း
စိတ်မပါပေ ။

စီအီးအို ချာဝန်း ရောက်လာသည့်တိုင် မရောက်လာသေးသော
James ကြောင့် သူအနည်းငယ်တော့ စိတ်ခုနေမိသည် ။
မကြာခင် အခန်းတံခါးပွင့်လာပြီး ဝင်လာသောသူ
ခြေသံပင်မကြားရ စိမ်းနုရောင် Suit က ထိုလူနှင့်သိပ်လိုက်ဖက်သလို လက်လေးများက လည်း
သူ့ကောင်လေး လိုပင်ဖြူလျလျလေး ဖြစ်သော်လည်း
လက်ဖျံမှာသေးငယ်သော တက်တူးလေး ရှိသလို
ဖုံးကွယ်ထားသော မျက်နှာဖုံးအောက်က မျက်လုံး များမှာ
အနီရောင် သူ့အားကြည့်နေသော စူးရှတဲ့ အကြည့်များကြောင့်
ခဏတော့ ငြိမ်သက်သွားရသည် ။

အစည်းအဝေးစတင်ပြီးနောက်ထိ စကားတစ်ခွန်း မှမပြောသော James ခေါင်းသာအသာငြိမ့်ပြကာ သူရှင်းပြနေသည်များကို Complain မတက်သောကြောင့်
သူအနည်းငယ်တော့ မကျေနပ်မိ ။ အနည်းဆုံးတော့ သူ့အမြင်ကိုပြောပြသင့်တယ် မဟုတ်ပါလား ။

'' Mr. James ဒီ project နဲ့ပတ်သတ်ပြီး မကျေနပ်တာများ ရှိပါသလား စီအီးအိုချာဝန်း ရော ''

'' No ,It's ok Jeon ''

ခပ်ရှရှထွက်လာသော လေယူလေသိမ်းကြောင့် တစ်ခန်းလုံး တိတ်ဆိတ်ကာအာဏာစက်လွတ်လိုက်သလိုပင်
စီးအီးအိုချာ၏ အမြင်ပြောပြီးမှ အစည်းအဝေး ကို သိမ်းလိုက်သည် ။

'' စကားသိပ်မပြောဘူးနော် Mr. James ''

'' ဟုတ် Boss က စကားနည်းပြီး အလုပ်အကြောင်းဘဲပြောလို့ပါ ''

Differently [ongoing] Where stories live. Discover now