➡Ep21➡

252 20 4
                                    

သာယာနေသော စံအိမ်အတွင်း၌ ပန်းချီကားများလက်စသတ်နေသော ထယ်ယောင်းဟာအေးအေးလူလူပင် မသာယာနိုင်သည်က
နာရာတို့သားအဖ သူတို့ လုပ်ငန်းနှင့်ဆိုင်သမျုမြေကွက်တွေ
အကုန်ဖျက်လုခံရသည့်အပြင် ခေါင်းဆောင်နေရာအားနာရာ
မရသဖြင့် ထယ်ယောင်းအားအပြစ်ပုံချရန် ဧည့်ခန်းသို့ခေါ်လိုက်ပြန်သည် ။

'' အဖေကြည့်နေ အဲ့ကောင်ကအဖေ့ကိုလိမ်နေတာလို့ ''

'' ထယ်ယောင်း လာဦး မင်းကျောင်းမှာအမှတ်တွေကျနေတာ
ငါ့သိက္ခာကို ချနေတာလား ''

'' တောင်းပန်ပါတယ် ဦးလေးအယ်အဖေ ကျွန်တော် ကနဂိုကမှ ဉာဏ်မကောင်းတာ ''

'' မင်းပြောလိုက်ရင်ဆင်ခြေတွေချည်း ''

ရုတ်တရက် ထယ်ယောင်း ရှေ့ရောက်လာတဲ့ သူ့လျို့ဝှက်ခန်းရဲ့သော့ သူအူကြောင်ကြောင်လေး အဖေ့ကိုကြည့်လိုက်တော့ အဖေက စကားစလာပြန်သည် ။

'' ဒါက သား အခန်းသော့ဘဲ ဘယ်လို လုပ်အစ်မဆီရောက်နေတာလဲဟင် ''

'' နင့်လိမ်ဆင်တွေအဖေသိသွားမှာစိုးလို့လားထယ်ယောင်း
အခုမှ မသိချင်ယောင်ဆောင်နေလည်းအလကားဘဲ လာအခုအဖေ့ကို အဲ့အခန်းဖွင့်ပြလိုက် ''

သူ၏အိပ်ခန်းထဲသို့အတင်းဝင်ကာ သူ၏လျို့ဝှက်
အခန်းအားဖွင့်လိုက်တဲ့နာရာကြောင့် သူလန့်သွားရသည်
အထဲသို့ခေါ်ကာ အဖေ့ကိုပြရန်ကြိုးစားနေတာကြောင့်
သူပိုလန့်သွားရသည် ။

'' အဖေ ဒီမှာ အဲ့ကောင် လိမ်... ''

ပန်းချီများနှင့်ရှုပ်ပွနေသောအခန်းငယ်လေး ဆေးပုံးများတန်းစီရှိနေပြီး လက်တလော ဆွဲနေသည့် ပန်းချီများတန်းစီနေသည့်အခန်းကြောင့် နာရာ ကြောင်အသွားရသည် သူတွေ့ခဲ့တုန်းက သေနတ်တွေနဲ့ စာရွက်စာတမ်းတွေ အခုထိုအရာများတစ်ခုလေးတောင်ရှိမနေသောကြောင့် အဖေကသူ့အားစိတ်ပျက်စွာကြည့်လာသည် ။

'' အစ်မ ဘာဖြစ်လို့လဲ ဒါက ကျွန်တော့် ကို ပန်းချီဆွဲဖို့ သီးသန့်ထားပေးတဲ့အခန်းလေ ''

'' ကဲ နာရာ သမီး လည်း ခေါင်းဆောင်နေရာမရလို့ စိတ်ထိခိုက်နေတာသိပေမယ့် ထယ်ယောင်းဆီမှာ လက်နက်တွေသိမ်းထားတယ်ဆိုတဲ့စကားကနည်းနည်းတော့ရယ်ရတယ် အလုပ်တွေပိုကြိုးစားပြီး အရင်ကနာရာ ကိုဘဲ အဖေလိုချင်တယ် ''

Differently [ongoing] Donde viven las historias. Descúbrelo ahora