➡Ep12➡

412 44 4
                                    

အကြောင်းပြချက်ရေရေရာရာ မရှိဘဲ ချိုမြိန်စွာ
နမ်းခဲ့ဖူးကြတယ် နှုတ်ကထုတ်ပြောစရာမလိုတဲ့ ခံစားချက်တွေ မျက်ဝန်းက တဆင့် မင်းခံစားမိရဲ့လား ။

မစ္စတာကင်နှင့် အစည်းအဝေးတွင် တွေ့ဆုံကြပြီး အမြဲမပြောင်းလဲဘဲ နာရာနှင့် ဇွတ်သဘောတူနေတဲ့ မစ္စတာကင်က သူသာ အိမ်ကိုချောင်းပေါက်မတတ်လာနေတာ
မစ္စတာကင်ရဲ့တူကို သဘောကျလို့ပါဆိုရင် သွေးတွေဆောင့်တိုးသွားလိမ့်မလား ။

'' စီအီးအိုဂျွန်ကုမ္မဏီမှာနာမည်ကြီးတဲ့ ရင်းနှီးမြုပ်နှံသူအသစ် ရှိနေတယ်လို့ သတင်းတွေထွက်နေတယ် ''

'' သတင်းထွက်တာမဟုတ်ပါဘူး လက်တွေ့ပေါ့ ''

'' စိတ်မရှိရင် မိတ်ဆက်ပေးလို့မရဘူးလား ''

'' ရပါတယ် ဒါပေမယ့် Mr. James က စကားနည်းတယ်
ကျွန်တော်မေးကြည့်ပေးပါ့မယ် ပြီးရင်အပြင်မှာတွေ့ဖို့ အချိန်ညှိကြတာပေါ့ ''

'' ကျေးဇူးပါ စီအီးအိုဂျွန် ''

'' ကျေးဇူးမလိုပါဘူး နောက်လည်းအမျိုးတော်ရတော့မှာဘဲ ''

ထိုစကားကို အဓိပ္ပါယ်နှစ်မျိုးနဲ့ မတူညီစွာ ရယ်နေကြသော
လူနှစ်ယောက် ဂျောင်ကုက သူ့ချစ်ရပါသောကောင်လေးကို
ဆိုလိုလိုက်ပေမယ့် မစ္စတာကင်ကတော့ နာရာအတွက် မျော်လင့်ချက်ရောင်ခြည်တွေသန်းနေလေတယ် ။

ဆေးလိပ်တစ်လိပ်ကို အာရုံစိုက်ထားရင်း ပြုံးနေတဲ့သူ ဒီဟန်ဆောင်မှုတွေသာ ထိုသူသိသွားခဲ့ရင် ငြိုငြင်သွားလိမ့်မလား ဒါမှ မဟုတ် သူ့ကိုလိမ်ရမလားဆိုပြီး
မုန်းသွားလိမ့်မလား စိတ်ပျက်လက်ပျက်တွေးရင်း တစ်မိုးအောက်သူက ထိုလူအတွက်နဲ့ ပူဆွေးနေရတာကို တွေးမိတော့ ထပ်ပြုံးလိုက်မိသည် ။

မတူညီတဲ့ ပုံစံနဲ့ကိုယ်တို့
ရှင်သန်နေကြပေမယ့် တူညီတဲ့လုပ်ငန်းတစ်ခုထဲမှာ ကျင်လည်ခဲ့ကြတယ် ။ ကိစ္စရပ်တွေပြီးသွားတဲ့အခါ ချစ်တယ်လို့ ပြောရင် မင်းအဖြေကရော ကိုယ်နဲ့ထပ်တူကျနေပါဦးမလား ။

အလုပ်ကပြီးတော့ အားနေသည်နှင့် ကောင်လေးနှင့်တွေ့ရန်
အမြန်ထွက်ခဲ့ရင်း အိမ်ထဲကထွက်လာတဲ့ ချစ်ရသူကို ငေးကြည့်ကာ အမြန်ပင်ရင်ခွင်ထဲ ဆွဲထည့်ကာ ကားထဲခေါ်သွားလိုက်သည် ။

Differently [ongoing] Where stories live. Discover now