➡Ep15 ➡

474 53 9
                                    

ရာသီဥတုအတော်အသင့်သာယာနေပေမယ့် မသာယာနိုင်ကြတဲ့ သူနှစ်ယောက် ရှိနေပြန်သည်လေ စိတ်မကောင်း ဖြစ်နေတဲ့ မောင့်ရဲ့ခံစားချက်တွေကို နားမလည်လို့မှ မဟုတ် တာ မောင်ရယ် မောင့်ကိုလိုအပ်နေပြီ
ကျွန်တော် အဆင်မပြေတော့ဘူး ။

ဂျောင်ကု ထယ်ယောင်းနဲ့မတွေ့ဖြစ်တာ တစ်ရက်ရှိလေပြီ စာတွေဆက်တိုက်ပို့ထားတဲ့ မက်ဆေ့ box ကိုငေးကြည့်ရင်း
စာမပြန်ဖြစ် ဆက်တိုက် မြည်နေတဲ့ ဖုန်းကို မကိုင်ဖြစ်
ခေါင်းမာတဲ့ အဆိုးလေး က တစ်ရက်ပြည့်တော့ မက်ဆေ့မပို့ ဖုန်းမဆက်တော့ပြန် နေနိုင်သွား၍လား မသိ ပါ မောင့်မှာ
အချိန်လိုတယ် ကောင်လေးရယ် ။

ပန်းချီပြပွဲအခမ်းအနား နာရာရဲ့ ပထမဆုံး အောင်မြင် မှုပွဲသို့ ဂျောင်ကုတက်ရောက်ရန်ပြင်ဆင်နေသော်လည်း စိတိမကြည်သဖြင့် ဝတ်စုံတွေက တစ်ခုမှ အဆင်မပြေနေ ပွဲသို့မည်သို့ရောက်သွားသည်မသိဟန်မဆောင်နိုင်လိုက်တာများ ကောင်လေးမင်းနဲ့အဆင်မပြေတော့ ဟန်ဆောင် ပြီးတောင်ပြုံးပြလို့ မရတော့ဘူး လေ ။

ပွဲရဲ့ အဓိကလူမို့တောက်ပြောင်နေသော အဝတ်အစားများ လှပစွာဝတ်စားထားတဲ့သူမကကျွန်တော့်နားရောက်လာသည်နှင့် မီဒီယာ များ စုပြုံပြီးရောက်လာသည်မို့ ညစ်နေသည့်စိတ်များ ပိုပြီးညစ်ညမ်းနေရသော်လည်း ဟန်ဆောင်ပြုံးပြလိုက်ရသည် ဟိုဘက်ဝိုင်းက အဖေက မျက်ရိပ်မျက်ကဲပြနေသည်မို့ သူရှောင်ထွက်၍လည်းမရပြန်ပါ

ထယ်ယောင်းအခန်းအောင်းပြီး နေလို့မကောင်း ဘာမှ လည်းမစားသဖြင့် ဆာလောင်နေသော ဗိုက်ကိုဖြည့်ရန် အောက်သို့ဆင်းကြည့်တော့ အဖေရိုက်ထားတဲ့ ဒဏ်ရာတွေ ကတဆစ်ဆစ်ကိုက်နေသည် ။ သာမန် ဆို ဘာမှ မဖြစ်ပေမဲ့
နေမကောင်း တော့ ဒဏ်တွေပါရောသွားပုံ ။.

အိမ်မှာ ထမင်းချက်အဒေါ်ကြီးများက သတင်းကြည့်နေကြသည် ။ဒီနေ့က နာရာရဲ့ အတုအယောင် ပန်းချီပြခန်းဖွင့်ပွဲ မို့ ပေါင်မုန့် နဲ့နို့ဘူးလေးကိုင်ကာ အပေါ်တက်ရန်ပြင်မိတော့သတင်းထဲမှာနာရာလက်ချိတ်ထားသော်လည်း ပြုံးနေသည့်မောင် ကြောင့် သူ့လက်ထဲက ပေါင်မုန့်နဲ့ နို့ဘူးကိုအနီးကအမှိုက်ပုံးထဲ ပစ်လိုက်မိသည် ။

Differently [ongoing] Onde histórias criam vida. Descubra agora