'' ကျွန်တော် မပျော်ရွှင်နေပါဘူး သို့သော် ခင်ဗျား ကို
ချစ်ဖို့ ဆက်အသက်ရှင်မည် "ထယ်ယောင်းတစ်ယောက် ခြေထောက်က ဒဏ်ရာနဲ့အတူ
အိမ်ပြန်လာလမ်းမှာ အရင်ရက်များကထပ် ကြာနေသည်
ဆေးမလိမ်းဘဲ ပေတေပြီး တစ်နေကုန် လျောက်လည်သည့်
ရလဒ်က အခုတော့ တဆစ်ဆစ်နဲ့ ထိုးကိုက်နေသည် ။မလှမ်းမကမ်းတွင် ရပ်နေသောကားကိုမြင်တော့ ထယ်ယောင်း နှုတ်ခမ်း လေး ပြုံးယောင်သန်းသွားသည်
စာအုပ် ကိုကြည့်ကာ ထော့နဲ့ ထောနဲ့ လျောက်လာရင်း
အရှေ့မှာလာရပ်တဲ့ ဖိနပ်တစ်စုံကိုမြင်မှ သူရပ်လိုက်မိသည် ။
ူ
'' ကောင်လေး ခြေထောက် က ဘာဖြစ်တာလဲ '''' အင်း ဒီတိုင်း ချော်လဲတာ ''
'' ဆေးလိမ်းပြီးပြီလား ''
အသာခေါင်းရမ်းပြတော့ သူ့လက်ကိုကိုင်က ကားထဲဝင်ခိုင်းတဲ့
လူကြီး မကြာခင် ဆေးဘူးလေးကိုင်ကာ သူ့ဖိနပ်တွေကို
ချွတ်ပေးနေပြန်သည် ။'' ယောင်နေတာဘဲကွ ဆေးခန်းသွားကြမလား ကောင်လေး''
'' ဟင့်အင်း တော်ပြီ ဟို ဆေးလိမ်းပြီးရင်လည်း ခြေထောက်ကို လွတ်တော့လေ ''
'' အင်း ကိုယ်အိမ်ထိလိုက်ပို့ပေးရမလား ''
'' ရပါတယ် ဒီနားလေးတင်ပါ သွားတော့ မယ်နော် ဆေးလိမ်းပေးတာကျေးဇူးပါ ''
'' ကျေးဇူး ဆိုတာဆပ်ရတယ် နောက်တစ်ခါတွေ့ရင် ကိုယ်တောင်းဆိုစရာ ရှိတယ် ''
'' အင်း ဘိုင့် ''
ထပ်ပြီးကျောခိုင်းသွားတဲ့ကောင်လေးရဲ့ ကျောပြင်လေး ကို လွမ်းသလို ကြည့်ရင်း အိမ်သို့ပြန်ခဲ့သည် မနက်ဖြန် တော့
စိတ်ကြည်နေတော့မှာ အသေအချာပင် ။တင်ဒါများ ကျသဖြင့် အခုရက်ပိုင်း အလုပ်ရှုပ်နေတာ ကောင်လေးနဲ့တောင် မတွေ့ဖြစ် ခန့်မှန်းကြည့်လေ ခက်လေဘဲ ကောင်လေးရေ ဒီမရေရာတဲ့ ခံစားချက်တွေကို
ထုတ်ဖော်လိုက်ရမှာကိုယ်ကြောက်နေမိတယ် ။Mr. kim ရဲ့အခေါ်ကောင်းမှုကြောင့်နောက်တစ်ကြိမ်ပြခန်းသို့ ရောက်ဖြစ်သည်ပန်းချီများကိုစိတ်ဝင်စားမှုသိပ်မရှိသော်လည်း
mr. kim ၏ လက်ဆောင်ပေးရန် ရှိသည်ဟူသောကြောင့်သာ အားနာ၍လိုက်လာခဲ့ရသည်
YOU ARE READING
Differently [ongoing]
Romanceမတူညီတဲ့ လူနှစ်ယောက် မပေါင်းစပ်နိုင်ဘူးလို့ ဘယ် အဘိဓာန် မှာမှ ပြဋ္ဌာန်းထားခြင်းမရှိသရွေ့ မင်းဟာ မောင့်အပိုင်ဖြစ်လာနိုင်တာဘဲ ယောင်း