➡Ep19➡

433 35 14
                                    

ဒီလိုနဲ့. ဂုံဂျင်းမှာသောင်တင်နေတာ နှစ်ရက်ရှိခဲ့ပြီဖြစ်သလို
ကောင်လေးရဲ့ လွတ်လွတ်လပ်လပ် နေထိုင်ဖြတ်သန်းပုံလေး
ကို သူမြင်တွေ့ခဲ့ရသလို တသက်လုံး ပျော်အောင် ထားချင်တာ သူ့ဆန္ဒ ။ သို့သော်လည်း အခုတော့ ခဏသည်းခံရအုံးမည်
တသက်လုံး အတူနေရဖို့ သူ့ကောင်လေးကို တင့်တောင်တင့်တယ်ထားနိုင်ဖို့ စီအီးအို ဆိုတဲ့ တာဝန်တွေကျန်သေးသလို ကောင်လေးလည်း တာဝန် တွေများစွာ ကျန်သေးသည်လေ ။

ကောင်လေးကို Mr. kim အရိပ်အောက်မှလွတ်မြောက်အောင်သူကြိုးစားပြီး လက်စားချေချင်နေပုံ မဟုတ်သော်လည်း ကောင်လေးဟာ
ပညာပြချင်နေပုံရသည်မို့ သူကူညီပါမည် ။ မင်းအနားကအနှောင့်အယှက်တွေ မောင်ရှင်းပေးမှာမို့ အခုပြုံးနေသလိုမျိုးလေးဘဲ ဒီမောင်ကိုပြုံးပြနေပေး မင်းရဲ့နားခိုရာဟာမောင်ဖြစ်ပေးမှာမို့ ကောင်လေးရယ် မောင်လေ မင်းရဲ့ အပြုံးတွေကို သိပ်တန်ဖိုးထားတတ်နေပြီ ။

ထယ်ယောင်း ခြေထောက်အနာသက်သာသော်လည်း ဘယ်နေရာသွားသွား ပွေ့ချီသွားပြန်သည့် မောင်က အကဲပိုလွန်သော်လည်း သူသဘောကျပါသည် ။ အခုလည်း
သူ့ရင်ခွင်ထဲ တိုးဝင်လာသည့်မောင်က အတင်းဖက်ထားသည်မို့ သူပြုံးလိုက်မိသေးသည် ။
မောင်ဟာ သူ့ကိုသိပ်ချစ်ပေးကြောင်း တွေးမိတော့ မျက်ရည်ဟာဝဲကနဲ ရာသီစက်ဝန်းတွေ လှည့်ပတ်ခဲ့ပေမယ့်
မောင့်ကိုစတွေ့ခဲ့တဲ့ မိုးဦးကဗျာလှလှလေး တချို့ဆီ အလည်သွားကြည့်ကြမလား ။

သူဟာ အချစ်ခံရတဲ့သူမဟုတ်​ပေမယ့် ကျောင်းကိုပြည့်စုံအောင် ထားပေးသည့် အဖေကြောင့် သူကျေးဇူးတင်မိပေမယ့် ကျောင်းအပ်နှံပေးတိုင်း ဒါကျွန်တော့်တူလေးပါ စောင့်ရှောက်ပေးပါဦး ဆိုတဲ့ စကားတွေကို ငယ်စဉ် ကမသိခဲ့ပေမယ့် ယခုအချိန်မှာတော့
ရင်ထဲ တွင်အောင့်သက်သက်နဲ့ ခံစားရခက်လွန်းပါသည် ။

KMA Company ရဲ့တူဖြစ်သူဆိုတဲ့ဂုဏ်ပုဒ်က မျက်နှာလိုက်ခြင်းကို ပေးစွမ်းနိုင်ခဲ့ပေမယ့် သူလိုချင်တဲ့ မျက်နှာသာပေးမှုတွေက ထိုဆရာတွေဆီက မဟုတ် ခဲ့ပါ ။
မိုးရာသီတွေရဲ့မိုးစက်တွေကခပ်နည်းနည်းသာကျနေခဲ့သည်
အိမ်ပြန်ကျောင်သွား ဒါဟာသူ့ရဲ့နေ့စဉ်ဘဝ တွယ်တာစရာမရှိသလို အသိအမှတ် ပြုခံချင်ခဲ့တဲ့ ခပ်အေးအေးကောင်လေးတစ်ယောက်သာ ။

Differently [ongoing] حيث تعيش القصص. اكتشف الآن