အခန်း-(၂)

51.8K 3.7K 112
                                    

မဖတ်ကြည့်ခင်သော်လည်းကြောင်း ၊ ဖတ်ပြီးလျှင်သော်လည်းကောင်း Uni နှင့် Zawgyi အောက်ရှိ Video ကို ဖွင့်နားထောင်ပေးပါရန်။
Recommended piano pieces - River flows in you by Yiruma.

•••

ကြမ်းပြင်ပေါ်သို့ အဝတ်ဖြင့် အားကြိုးမာန်တက် တိုက်နေသော ထွန်းစသည် ချိုင်းပြတ်အဝါနုနှင့် ပုဆိုးတိုတိုကို နွမ်းပါးစွာ ဝတ်ဆင်ထား၏။ နံဘေးစားပွဲရှိ ဦးမိုးငြိမ်မှာ စာရင်းအချို့တွက်ရင်းမှ ကြမ်းကုန်တိုက်နေသော သားဖြစ်သူကို မြင်မိသည်။ ထွန်းစကို ငေးပြီး သူ့ရင်မှာ စိတ်မကောင်းလှသဖြင့် မျက်ဝန်းတို့က ညိုစိုသွားကြ၏။

"သား .. ထားခဲ့လိုက်တော့ ။ အဖေဆက်တိုက်လိုက်မယ်"

အဝတ်ကို လက်လွှဲယူတော့ ထွန်းစက အားနာနေသယောင်။ အနည်းငယ် တွန့်ဆုတ်၍ ထရပ်သည်။

"သား ဧည့်ခန်းမှာ သွားကူလိုက်အုံးမယ် .. အဖေ"

ထွန်းစ၏ ရိုကျိုးမှုကို အသိအမှတ်ပြုသောအားဖြင့် သူ ဆက်မတားရက်တော့ပါ။

သည်လို သိတတ် ထက်မြက်သော ကလေးကို ‌သည်လို ဘဝမှာ ရှင်သန်စေခဲ့သည့် ဖန်ဆင်းရှင်ကိုတော့ အပြစ်ဖို့လိုသည်။ သည်လို နေထိုင်ရလောက်သည်အထိ ထွန်းစမှာ ဘာအပြစ်မှမရှိခဲ့။ ဤသို့ အပြစ်တစ်ခုတလေ လုပ်ရန် အခွင့်အရေးလည်း မရခဲ့ရှာပါ။

••••

"မမလတ် ကျွန်တော် ဘာကူပေးရအုံးမလဲ"

တံမြက်စည်းလှည်းနေသည့် မမလတ်က ခပ်ကြည်ကြည် ပြုံးပြပြီး စာအုပ်စင်တွေကို မေးဆတ်၏။

"စင်တွေကို ဖုန်သုတ်ပေးပါအုံး ထွန်းစ"

"ဟုတ်ဗျ"

ကြက်မွှေးတစ်ချောင်းကို ကိုင်၍ ထွန်းစက ဖုန်လိုက်သုတ်သည်။ နိုင်ငံရေး စာအုပ်များနှင့် ထူထဲလှသော ကျမ်းကြီးများသည် မင်းကြီးဦးစိုးထိန် ဖတ်တတ်သည်များ ဖြစ်လောက်မည်။ အင်္ဂလိပ်ပုံပြင် နှင့် ဝတ္ထုတိုများကတော့ သခင်လေး၏ စာအုပ်များ ဖြစ်နိုင်သည်။

ဆယ့်တစ်နှစ်အရွယ် ထွန်းစသည် အသက်ငယ်သော်လည်း အရပ်မြင့်မြင့်နှင့် သန်သန်မာမာရှိလှသည်။ စာအုပ်စင်များ၏ ငါးပေကျော်လောက် အမြင့်ထိကို ပြောင်စင်အောင် သုတ်နိုင်၏။

Maiden SA ( Complete )Where stories live. Discover now