အခန်း-(၆၉)

16K 1.6K 247
                                    

( Recommended song - Mocking bird by Eminem , Unstoppable by Sia )

•••••

"ဒီနေ့ ဦးအောင်ထွန်းဆီ သွားကြမလား"

ဟူသော မက်သရူး၏ မေးခွန်းအောက်တွင် ဘာကြောင့်မှန်းမသိ ထွန်းစ ခေါင်းညိမ့်လိုက်မိသည်။ ယခင်က အိပ်မွေ့ချစဉ်တိုင်းမှာ ဖေဖေ့ဆီသို့ မသွားချင်ခဲ့သော်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သွားရမည်ကို ကြိုသိနေသည်။ ထိုသို့ သွားနိုင်ဖို့လည်း မက်သရူးက ကူညီလိမ့်မည်။

သူ့ အထင်မှန်ကန်ကြောင်းကို မက်သရူးက သက်သေပြတော့မည်။

ထွန်းစသည် အိပ်မွေ့ချခြင်းနှင့် နေသားကျနေသည့်အတွက် အခိုက်အတန့်မှာပင် မိန်းမော အိပ်ပျော်သွားသည်။

လူက အိပ်နေသော်လည်း စိတ်မူ အသိရှိနေဆဲ။

သူ ဘယ်ရောက်နေသည် ဆိုတာကို ပြန်လည် ပြောပြနိုင်သည်အထိ နိုးကြားနေဆဲပင်။

ထွန်းစ ဖေဖေ့ဆီ မသွားလိုခြင်းမှာ ဖေဖေသည် အစဉ်အမြဲ ဒေါသကြီးနေသော လူတစ်ယောက် ဖြစ်သည်၊ ဖေဖေ့တွင် စိတ်ထိခိုက်ကြေကွဲစရာများသာလျှင် ရှိသည်၊ ဖေဖေနှင့် အတူနေထိုင်ရ၍ စိတ်ချမ်းမြေ့ဖွယ်ရာ သာယာကြည်နူးရသည်ဆိုတာမျိုး မရှိပေ။

ယခု ဖေဖေ့ဆီ သွားလျှင်လည်း ထွန်းစ အရိုက်ခံရဦးမည်။ ထွန်းစ ဖေဖေ့ကို သိပ်ကြောက်ပါသည်။

"ဆရာ .. သွားချင်ရဲ့လား"

မသွားလိုသည့်ကြားက သွားလိုသေးသည်။ ထွန်းစ၏ စိတ်အပြောင်းအလဲမှာ ကြောက်စရာကောင်းလောက်အောင် မတည်ငြိမ်နိုင်ပါချေတကား ယခု ထွန်းစ ဖေဖေ့ဆီ သွားလျှင် တစ်စုံတစ်ခုကို ရှာတွေ့နိုင်မည်ဟု ယုံကြည်နေသည်။

"သွားချင်ပါတယ် .."

ထွန်းစ မဝံ့ရဲစွာ လက်ခံလိုက်သည်။

•••

ဖေဖေ ..

ထုံးစံအတိုင်း ဖေဖေ ငိုနေသည်။ ဖေဖေ့ ငိုညည်းသံမှာ အလွန် ဝမ်းနည်းဖွယ်ရာကောင်း၏။ စိတ်ထိခိုက်မှုများ စုပြုံပေါက်ကွဲလာပြီး လောကတွင် မနေလိုသည့်ကြားက တာဝန်နှင့် ဝတ္တရားအရ အသက်ရှင်နေထိုင်နေရသော လူတစ်ယောက်၏ ကြွေးကြော်သံကဲ့သို့ လှိုက်လှဲပြင်းပြစွာ ငိုကြွေးနေခြင်း ဖြစ်သည်။

Maiden SA ( Complete )Where stories live. Discover now