အခန်း-(၃၂)

19K 1.8K 126
                                    

Recommended song - တိမ်တွေနေတဲ့အရပ် ( ချစ်သုဝေ )

••••

အခန်းတွင်းသို့ ရောက်သောအခါ ထွန်းစသည် ရှေ့မှ ဦးဆောင်နေသော ထိန်တင်၏ ခါးကို လှမ်း၍ ဆွဲဖက်လိုက်သည်။ အဲ့သည်နောက် ထိန်တင့်အား နံရံတွင် ဖိကပ်ကာ ပါးပြင်များကို ချုပ်ကိုင်၍ နှုတ်ခမ်းပါးချင်း ပူးကပ်ပစ်သည်။

"ဖယ်ကွာ"

တစ်ချက်မျှ စုပ်ယူအပြီးတွင် ထိန်တင်သည် မျက်နှာကို လွှဲ၍ စိတ်ကောက်ပြသည်။ ထွန်းစက တိုးတိတ်စွာ ရယ်၍ ထိန်တင်၏ ပါးများကို ခပ်ပြင်းပြင်း နမ်းရှိုက်လိုက်သည်။ ထို့နောက် နားရွက်ဖျားကလေးကို နှုတ်ခမ်းဖြင့် စုပ်ယူပွတ်သပ်ပြီး လည်ကုပ်ပေါ်သို့ လက်ဖျားတင်ကာ လက်သည်းစွန်းများနှင့် ဖွဖွမျှ ကုတ်ခြစ်ပေး၏။ ထိန်တင်၏ အညိုရောင်ဖျဖျ မျက်ခုံးများက ဟိုတွန့် သည်တွန့် လှုပ်လာ၍ မူမမှန်ချင်တော့။ ထိုစဉ် ထွန်းစက သူ့ မေးဖျားကို ပြန်လည်ဆွဲမော့၍ နှုတ်ခမ်းများကို ဦးတည်လာသည်။ သည်တစ်ချီတွင်မူ ထိန်တင် မရုန်းနိုင်တော့။ မရုန်းလိုသည်က ပို၍ မှန်လိမ့်မည်။ ထွန်းစ၏ လည်ပင်းစပ်သို့ မြဲမြံ့စွာ ဆုပ်ကိုင်ရင်း သိမ်းဆည်းထားသမျှ အလွမ်းစများကို အနမ်းကြမ်းတစ်ခုအဖြစ် ပုံဖော်ကာ တုံ့ပြန်မိတော့သည်။

"အင်းမ်"

သစ်စိမ်းနံ့ မွှေးသော ထွန်းစ၏ ကိုယ်သင်းနံ့မှာ ချွေးစက်စိုစိုတို့ဖြင့် ရော၍ ထိန်တင့် နှာဖျားတွင် တဝကြီး ရစ်ပတ်နေသည်။ နှုတ်ခမ်းများကို စုပ်တင်နမ်းရှိုက်ရင်း လျှာဖျားများကို ပွတ်သပ်မိသည်။ ပါးပြင်မို့များသို့လည်း ကြင်နာပြင်းပြစွာ ခစားမိလေ၏။ ထိန်တင်၏ အနမ်းများ မည်မျှ အားပါသွားသည်မသိ၊ ထွန်းစ တားသော အချိန်တွင် ထိန်တင့် ဦးခေါင်းမှာ အညိုရောင် ရင်ဘတ်တင်းတင်းသို့ စိုက်ထိုးလှုပ်ရှားနေခဲ့ပေပြီ။

"ငါတို့ ညစာဝယ်ရအုံးမယ် ထိန်"

သည်လိုကျ ထိန်တင်က လိမ္မာသည်။ ခပ်သာသာ ပြုံး၍ ကိုယ်ချင်းခွာကာ ထွန်းစ၏ ဖရိုဖရဲ ပြုတ်နေသော ကြယ်သီးများကို ပြန်တပ်ပေး၏။ ထွန်းစက မျက်ဝန်းများ ဖျန်းတောက်နေလျက်မှ နှစ်ခြိုက်ဝမ်းမြောက်စွာ ပြုံး၍ ထိန်တင့်ကို ငေးကြည့်သည်။

Maiden SA ( Complete )Where stories live. Discover now