အခန်း-(၇)

29.9K 2.6K 159
                                    

( Recommended song - Overdose by Ciara )

••••

ထွန်းစ၏ လက်ချောင်းများသည် ငယ်ရွယ်ပျိုမြစ်သော ဖခင်၏ ပုံရိပ်ကို ဆုပ်ကိုင်လျက်မှ တဆတ်ဆတ်တုန်ယင်နေသည်။ သစ်သားသေတ္တာကို ဖွင့်ပြီးနောက်မှာ စာရွက်အောက်က ဓာတ်ပုံတစ်ပုံကို သူ တွေ့ခဲ့ရသည်။ ထိုဓာတ်ပုံဟာ ဖေဖေတစ်ဦးတည်း၏ ဓာတ်ပုံတော့ မဟုတ်ပါ။ သူငယ်ချင်းငါးယောက်၏ ပုံပင် ဖြစ်သည်။

အလယ်တွင်ရှိသော ဖေဖေ၏ ဘေးတစ်ဖက်တစ်ချက်တွင် လူနှစ်ဦးစီ ရပ်နေသည်။ ကျောင်းသားအရွယ်ဖြစ်သည့် ထိုဦးလေးများကို ထွန်းစမသိပါ။ မသိသည့်ကြားမှ ထူးခြားမှုတစ်ခုကို သတိပြုမိသည်။ သူ မသိသော ဦးလေးလေးဦးထဲတွင် ဘယ်ဖက်အစွန်ဆုံးမှ ဦးလေး၏ ပုံမှာ မီးရှို့ခံထားရသကဲ့သို့ မည်းပြာနေသည်။ လူရုပ်ပင်မပေါ်အောင် ဆွေးမှောင်နေသဖြင့်  ရည်ရွယ်ချက်ရှိစွာ မီးတိုက်ထားကြောင်း သိသာနေသည်။

သည်ဦးလေးဟာ သူ ရှာနေသည့် လူပင်ဖြစ်ရမည်။ ဖေဖေသည် သူ့အား ပြလိုစိတ်ရှိသဖြင့် ဓာတ်ပုံကို သည်ထဲ ထည့်ထားပြီးကာမှ ဘာကိစ္စ မီးရှို့ပစ်ရသနည်း။ ထွန်းစ စိတ်ရှုပ်စွာ တွေးရင်း ဓာတ်ပုံကို ဖင်ပြန်ခေါင်းပြန် ကြည့်သည်။ မျက်နှာမှစ၍ ဝမ်းဗိုက်အထိပါ မည်းနေသော ပုံမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း နည်းနည်းမှ အစရှာမရ။

သေတ္တာကို ထပ်မံမွှေနှောက်ကြည့်တော့ သစ်ပြားကြားမှ ဘောပင်တစ်ချောင်းထွက်လာသည်။ ရွှေအိုရောင်နှင့် ရွှေဖြူစပ်ထားသော တန်ဖိုးကြီး ဘောပင်ဖြစ်သည်။ ဘောပင်၏ ထိပ်တွင် သွေးစများ ကပ်၍ နီနေသည်။ သွေးဟု ထင်သဖြင့် ဘောပင်ထိပ်ကို နှာခေါင်းနားကပ်၍ ရှိုက်ကြည့်သော် ဟောင်းနွမ်းနေပြီဖြစ်သော ခြောက်ကပ်ကပ် ညှီစို့စို့ ရနံ့ကို ရသည်။

ဘောပင်ထိပ်က သွေးနှင့် ဓာတ်ပုံထဲမှ လူတို့ဟာ သူ ရှာနေသောကိစ္စတွင် ဆက်စပ်မှူရှိဟန်တူသည်။

ထွန်းစက သူ့ လက်ထဲရှိ ဘောပင်၏ ဖင်ကို ဖိလိုက်ရာ တောက်ခနဲ မြည်သံ ထွက်လာပြီး သွေးစများစွန်းနေသော ထိပ်က အတွင်းသို့ ဝင်သွားသည်။ သူ နောက်တစ်ကြိမ် ထပ်ဖိနှိပ်သည်။ ဘောပင်၏ သွေးကပ်နေသော ထိပ်က ထွက်ပြူလာသည်။ ထိုအရာကို အထဲသို့ ဝင်စေရန် ထပ်နှိပ်လိုက်ပြန်သည်။

Maiden SA ( Complete )Where stories live. Discover now