Hello

11K 1.1K 94
                                    

Burmese OC နဲ့ ပတ်သတ်ပြီး ဒါ ကျနော့်ရဲ့ နောက်ဆုံး ကျေးဇူးတင်လွှာဖြစ်လိမ့်မယ်။
Maiden Sa ဟာ ကျနော့်ရဲ့ စာရေးသက်တမ်းတလျှောက်လုံးမှာ အားအထုတ်ရဆုံးနဲ့ သဘောအကျရဆုံး Fiction ပါ။ ကျနော် ဒီ fic အတွက် အချိန်တွေ အများကြီး သုံးပြီး ခံစားချက်မျိုးစုံကိုလည်း ခံစားခဲ့ရပါတယ်။ ကျနော့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်အောင် သဘောကျပေးကြတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။

စာအုပ်ကိစ္စကိုတော့ ကျနော် သေချာမပြောတတ်သေးပါဘူး။ ထုတ်ဖြစ်မယ်ဆိုရင် ကြိုတင် သတိပေးပါမယ်။

ကျနော် တစ်ခုလောက် ပြောချင်တယ်။ မင်းတို့တော့ မသိပေမဲ့ ကျနော်ကတော့ wattpad ကို ကျနော့် စိတ်ဖိစီးမှူတွေကို လျှော့ချပေးနိုင်တဲ့၊ ကျနော့် ပျော်ရွှင်မှူကို ဖန်တီးပေးနိုင်တဲ့ အရာတစ်ခုအနေနဲ့ သုံးပါတယ်။ ကျနော်တို့ အပြင်လောကမှာ အနာဂတ်နဲ့ ငွေကြေးအတွက် ရုန်းကန်လှုပ်ရှားနေရာက ပင်ပန်းလာတဲ့ စိတ်အညစ်အကြေးတွေကို သည်မှာပဲ ကိုယ်သဘောကျတဲ့ အရာတွေ ရေးပြီး၊ ဖတ်ပြီး ဆေးကြောလိုက်ပါတယ်။

ကျနော်ကတော့ ဝါသနာအရ ရေးပေမဲ့ စာရေးတာကို တကယ့် professional ကျကျ ရေးပြီး အရေးအသားအရမ်းကောင်းတဲ့ စာရေးသူတွေ Wattpad မှာ တွေ့ရတယ်။ အရွယ်လေးတွေဆိုလည်း ဆယ်ကျော်သက်နဲ့ နှစ်ဆယ်ဝန်းကျင်တွေ များပါတယ်။ အဲ့လိုဟာတွေ ရွေးဖတ်ပါ။ ကျနော်တို့အတွက် အသုံးဝင်တဲ့ အရာတွေ အများကြီး ရှိပါတယ်။ Wattpad ကို toxic ဖြစ်တဲ့ နယ်ပယ်တစ်ခုအနေနဲ့ မမြင်ဘဲ ကိုယ့်အတွက် အကျိုးရှိသွားအောင် အသုံးပြုစေချင်တယ်။ ကျန်တဲ့ ဗဟုသုတ မရရင်တောင် ကျနော်တို့ စိတ်သက်သာရာရပြီး စိတ်အေးချမ်းတယ်ဆိုတာ ဘာနဲ့မှ ဝယ်လို့မရတဲ့ အကျိုးကျေးဇူးတစ်ခုပါပဲ။

နယ်ပယ်တစ်ခုကနေ အရည်အချင်းရှိတဲ့ လူဟောင်းတွေ အနားယူနေရင်းမှာပဲ အရည်အချင်းရှိတဲ့ လူသစ်တွေ ဝင်လာဦးမှာပါ။ ဒီသဘောကို နားလည်စေချင်ပါတယ်။ Wattpad မှာ တန်ဖိုးရှိတဲ့ စာပေတွေ အများကြီးရှိပါတယ်။ မကောင်းတာကို လိုက်ကြည့်ရင်တော့ မကောင်းတာတွေပဲ မြင်မှာပါ။ ဒါကြောင့် အပေါ်မှာ ပြောခဲ့တဲ့ အရည်အချင်း ရှိတဲ့ စာရေးသူတွေကိုလည်း လမ်းဖွင့်ပေးစေချင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်နော်။ Maiden Sa နဲ့ ပတ်သတ်တဲ့ Review လေးတွေလည်း ကျနော် မျှော်နေပါ့မယ်။







Maiden SA ( Complete )Where stories live. Discover now