အခန်း-(၇၁)

18.1K 1.7K 231
                                    

Recommended song - ဘယ်သူကိုယ့်လောက် ချစ်သလဲ ( ဖြူဖြူကျော်သိန်း )

( Spoil ခြင်းသည်းခံပါ )

••••

"ဟန်နီ .. ဟန်နီ"

နူးညံ့ညင်သာသော ခေါ်သံမှာ အမှောင်ထုကြီးထဲ နစ်ဝင်တော့မည့် သူ့အသိစိတ်များကို ပြန်လည် ဆွဲတင်လိုက်သကဲ့သို့ ကောင်းခြင်းအဖြာဖြာ ပြည့်ဝနေသည်။ ထွန်းစသည် လည်ပင်းဝတွင် ဆန်တက်လာသော မြစ်ရေများကို ဝေါ့ခနဲ အန်ထုတ်လိုက်သည်။ ထိန်တင်က သူ့ ကျောပြင်လေးကို ပွတ်သပ်ပေးရင်း သက်သောင့်သက်သာ ရှိအောင် ကူညီပေးနေသည်။ အားရှိသလောက် အန်ထုတ်အပြီးတွင် ထွန်းစသည် အူယားဖားယားနှင့် မြစ်ရေထဲသို့ ပြေးဆင်းသွားသည်။

"ဟန်နီ .. မင်း ဘယ်သွားမလို့လဲ"

ထိန်တင်က ထွန်းစအား ခါးမှ ဆွဲပွေ့ပြီး ရင်ချင်းကပ်လိုက်သော်လည်း ထွန်းစ၏ ခွန်အားမှာ ကြီးမားလှသဖြင့် တစ်ကိုယ်လုံး တွန်းထိုးကန်ကျောက်ပြီး ရုန်းကန်ထွက်နေသည်။

"စေတန် .. စေတန် ငါ့ညီလေး"

ထွန်းစသည် အရူးကြီးတစ်ယောက်ပမာ အော်ဟစ်မြည်တမ်းလျက် ပူပင်သောကရောက်စွာ ငိုယိုနေသည်။ သူ့ မျက်စေ့ထဲတွင် မြစ်ရေထဲ၌ အကူအညီတောင်းနေသော စေတန့်အား မြင်နေရသည်။ ညီလေးဆီ သွားမည်ပြုသော်လည်း ထိန်တင့် လက်မောင်းများကြားမှ မလွတ်မြောက်နိုင်ဘဲ အော်ဟစ်နေရုံသာ တတ်နိုင်ခဲ့သည်။

ထိန်တင်သည် ထွန်းစအား အတင်း ချုပ်ဖက်ထားရာမှ ကိုယ်နှစ်ခုပူးလျက် သောင်ပြင်ပေါ်သို့ လှဲချလိုက်သည်။ ထို့နောက် ထွန်းစအား သူ့ ရင်ခွင်ထဲမှာ ထည့်လျက် နားဖျားဆီသို့ ကပ်ပြီး မန္တာန်ရွတ်ဖတ်သလို ပြောလိုက်သည်။

"ထွန်းစ .. မင်းစိတ်ကို ထိန်းစမ်း။ အသက် ဝဝရှူ။ ဖြည်းဖြည်းချင်း ရှူ .. ကျန်တာ ဘာမှမတွေးနဲ့"

"စေတန် ... စေတန်"

ထွန်းစသည် ထိန်တင့် လက်မောင်းကြီးများကို အားကိုးတကြီး ဖက်ကိုင်၍ တတွတ်တွတ် ရေရွတ်နေသည်။ ထိန်တင်၏ ထွေးပွေ့မှုအောက်တွင် တစ်စောင်းလှဲနေရသော သူ့ ပါးပြင်နှင့် နားထင်များ၌ နူးပွညစ်နွမ်းသော သဲရွံ့များ စေးပေနေသည်။ ထိန်တင်သည် ထိုအရာများကို မရွံရှာသည့်အလား တဖွဖွ ပွတ်သပ်နမ်းရှိုက်ပေးနေသည်။

Maiden SA ( Complete )Where stories live. Discover now