အခန်း-(၆၇)

19.9K 1.7K 97
                                    

Recommended song - Criminal by Britney Spears.

( လူသတ်ဖြတ်သည့် ပုံရိပ်များနှင့် ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးများ ပါဝင်ကြောင်း ကြိုတင် သတိပေးအပ်ပါသည်။ )

•••••

ထွန်းစ ဆေးရုံတက်သည့် ရက်မှ စပြီး ထိန်တင် အိမ်မပြန်ဖြစ်ပါ။ နေ့လယ်စာစားချိန်တိုင်း ထမင်းပို့တတ်သော စံထိန်သာမှ အလုပ်သမားကိုလည်း တပည့်ဖြစ်သူ ချက်ကျွေးတာပဲ စားလိုက်မည်ဟု တားမြစ်ခဲ့ပါသည်။ မာမီတို့ကတော့ အလုပ်မှာ ညအိပ်သည်ဟု ထင်နေကြသည်။

ထွန်းစ ဆေးကုနေသော အချိန်ပိုင်းလေးတွင် ထိန်တင်သည် စံထိန်သာသို့ ပြန်၍ သူ့ အဝတ်များကို ထုပ်ပိုးနေခဲ့သည်။

မြောက်ပိုင်းနယ်တွင် ဝတ်ဆင်ခဲ့သော သူ့ အဝတ်တော်တော်များများ၌ ထွန်းစ၏ ကိုယ်သင်းနံ့လေး စွဲကပ်နေသည်။ သည်ကောင်လေးဟာ အတူမရှိနိုင်သော အချိန်ခဏလေးမှာပင် ထိန်တင့် ကိုယ်စိတ်နှစ်ပါးလုံးကို လွှမ်းမိုးထားနိုင်ပါတကား။

ရုတ်တရက်ဆန်သော တံခါးခေါက်သံ နှစ်ချက်ကြောင့် ဦးခေါင်းနှစ်လျက် ရှုရှိုက်နေသော စွပ်ကျယ်စကို လွှတ်လိုက်ရသည်။

"ဝင်ခဲ့ပါ"

တံခါးရွက်နောက်၌ ပေါ်လာသူမှာ မာမီနှင့် ရိုချယ် ဖြစ်သည်။ မာမီက သူ မဟုတ်သည့်ဟန် နှုတ်ခမ်းများကို တင်းတင်းစေ့ထား၏။

"ပေါ်လာသေးတယ်နော် ကိုထိန်တင်"

ထိန်တင်က သွားတန်းဖွေးဖွေးလေးများ ပေါ်အောင် ရယ်မောလိုက်ပြီး မွေ့ယာပေါ် လက်နှစ်ဖက် နောက်ပြန်ထောက်လိုက်သည်။  မာမီ သူ့ကို စိတ်ဆိုးနေတာ ထိန်တင် သိပါ၏။ ရိုချယ်ကလည်း သိပ်မကြည်ပုံပေ။

"ညီမလေး ကိုကို့ဆီလာလေ"

မေမေ့နား ကပ်နေသည့် ရိုချယ့်ဆီ လက်ကမ်းပေးတော့ ဆူအောင့်အောင့် ကြည့်ရင်း လက်ပြန်ဆွဲလာသည်။ ထိန်တင်က ရိုချယ့်ကို သူ့ ဘေးနား၌ ထိုင်စေပြီး ရင်ခွင်ထဲ ထည့်ပွေ့ဖက်၏။

ရိုနန်ထိန်တင်ဟာ တစ်ဆယ့်လေးနှစ် အရွယ်ရှိသော ညီမငယ် ရိုချယ်ပွင့်ထိန်အား အနှီးထုပ်ထဲမှ ကလေးပေါက်စလေးအလား ကြင်နာယုယနေဆဲ ဖြစ်သည်။

Maiden SA ( Complete )Where stories live. Discover now