အခန်း-(၃)

42.3K 3.3K 78
                                    

( Recommended song - High hopes by Kodaline )

••••

နံနက် ခြောက်နာရီတိတိတွင် ဟောင်းနွမ်းသော စက်ဘီးတစ်စီးသည် စံထိန်သာ အိမ်တော်၏ ရှေ့သို့ ဖြတ်၍ သတင်းစာတစ်စောင်ကို ဝန်းထဲသို့ ပစ်ကာ ထည့်လိုက်သည်။

စက်ဘီးနင်းသွားသော မြေတွင် ဖုန်မှုန်ကလေးများက ဖွဖွမွမွ ကျန်ခဲ့ရှာသည်။ ထိုချိန်မှာပင်  အခွင့်သင့်သော လေ၏ ရယ်မောသံကြောင့် သစ်ရွက်ခြောက်များကလည်း ဝါကျင်ကျင်စာရွက်သားပေါ်သို့ ခုန်ဆင်းလာကြပြန်၏။

ခေတ္တအကြာတွင် အိမ်တော်၏ အဝင်ဝမှ ကောင်လေးတစ်ဦးပြေးထွက်လာ၏။ ထို့နောက် သူသည် မြေပေါ်က သတင်းစာကို ကောက်ယူ၍ ဖတ်လိုက်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော သတင်းစာရွက်များတွင် သူ့မျက်လုံးအစုံက လျှင်မြန်စွာ ပြေးလွှားနေ၏။ 

ဝေါ်သီ၌ ကြီးစိုးနေသော နယ်ချဲ့များမှာ တစ်ရက်ထက် တစ်ရက် ပို၍ အင်အားကြီးလျက်ရှိ။

ပြာညိုရွာသို့ တော်လှန်ရေးတပ်များ ဝင်မည်ဟု အတွင်းသတင်းရရှိ။ 

တိုက်သူကြီးမင်း ဦး ... ၏ ‌အိမ်တော်တွင် အနုကြမ်းစီးမှုတစ်ခု ဖြစ်ပွား။

ဝေါ်သီနိုင်ငံ မြောက်ဖက်ရှိ ရထားလမ်းတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား။

စသည် စသည်ဖြင့် နိုင်ငံတွင်း သတင်းများအပြင် အိမ်နီးချင်းနိုင်ငံတို့၏ အခြေအနေကိုပါ တွေ့ရှိရသည်။ ဤသတင်းများအနက်မှ မည်သည့်အရာမှာ ထွန်းစနှင့် သက်ဆိုင်မှု ရှိခဲ့သည်လည်း မပြောတတ်ပါ။ ထွန်းစသည် သတင်းစာကို ဖတ်ပြီးခဏ၌ အိမ်တော်ထဲသို့ ပြေးဝင်ကာ အနောက်ဖက်ဆောင်ကို ဦးတည်သွား၏။

အိပ်ခန်းမရောက်ခင် လမ်းတွင် အိမ်ပေါ်ထပ်မှ ဆင်းလာသော ထိန်တင်နှင့် ပက်ပင်းတိုးသည်။ ထိန်တင်သည် ရိုချယ်ကို ပွေ့ချီထား၏။

"ထွန်းစ .. မင်းဘယ်သွားမလို့လဲ"

ထိန်တင့်ကို မော်ကြည့်သော မျက်ဝန်းများက ပြတ်သားစူးရဲနေသည်။

"ငါ ရွာခဏပြန်မလို့"

"ရွာ .. ရွာမှာ ဘယ်သူရှိလို့လဲ"

Maiden SA ( Complete )Where stories live. Discover now