အခန်း ၂

7.8K 635 43
                                    

ရင်တုန်နေတာပဲ ဟယ် ။
ဘယ်နှယ့် ။

" အမလေး ။ လွှတ်ပါ ။ "

ညိုလေးရဲ့ ရင်ဘက်ကို တွန်းထုတ်ရင်း ပြောလိုက်ခြင်းဖြစ်သည် ။

ညိုလေးလည်း ဖက်ထားရာမှ လွှတ်ပေးလိုက်ကာဖြင့် မမမြိုင်နဲ့ ခပ်ခွာခွာဖြစ်စေဖို့အတွက် အနောက်သို့ ခြေနှစ်လှမ်းရွှေ့လိုက်ပါတော့သည် ။

" ဒီမယ် ။ ဘယ်လိုဖြစ်လို့ လူအနားကို အတင်းတိုးကပ်လာရတာလဲ ။ မတော်လို့ လဲကျရင် ဘယ်လိုလုပ်မလဲ ။ ဒါလေးတောင် မစဉ်းစားတတ်ဘူးလား ။ "

" လဲကျတော့မယ်လို့ စဉ်းစားမိသွားလို့ မမမြိုင်ကို အမိဆွဲလိုက်တာလေ ။ ကျွန်မသာ မဆွဲလိုက်ရင် အခုလောက်ဆို မမမြိုင် ကြမ်းပြင်နဲ့ အနမ်းခြွေပြီးသွားလောက်ပြီ ။ "

အို ။
ဲဒီ ဝံပုလွေမ ။
စကားကို ကပ်ပြောနေသေးတယ် ။

" ဘာပဲဖြစ်ဖြစ် ။ နောက်ဆို တို့နဲ့ဝေးဝေးနေ ။ အနားမကပ်နဲ့ ။ "

" ဒီလို စည်းခြားထားတာကို ကိုကိုမြင့် သိရင် စိတ်မကောင်းဖြစ်မှာပေါ့ မမမြိုင် ။ မမမြိုင်နဲ့ ညီအစ်မအရင်းတွေလို ရင်းနှီးအောင်နေပါ့မယ်လို့ ကိုကိုမြင့်ကို ကတိပေးခဲ့ပြီးပြီ ။ ကျွန်မ ဒီကတိကို မဖျက်ချင်ပါဘူး ။ "

" အို ။ လျှာ ရှည်လိုက်တာ မိကျောင်းသမီးရယ် ။ ဝေးဝေးနေဆို နေပေါ့ ။ "

မနေချင်ပါဘူး ။
မမမြိုင် ရှောင်ရင်တောင် ကျွန်မကတော့ တောက်တဲ့လို့ ကပ်တွယ်ပြဦးမှာ ။

" မနေချင်ပါဘူး ။ "

" ဘာ ။ "

" ဟုတ်တယ်လေ ။ ဝေးဝေးနေရင် မမမြိုင်နဲ့ ဘယ်လိုရင်းနှီးတော့မှာလဲ ။ "

" ဗုဒ္ဓေါ ။ ငါ့အနားမှာ တောက်တဲ့လို ကပ်နေဖို့များ စဉ်းစားနေတာလား ။ "

" စဉ်းစားပြီးသွားပါပြီ မမမြိုင် ။ "

" ဘုရားရေ ။ "

ပြောစရာ မရှိလောက်အောင်ပဲ ။
ဒီမိန်းမ ဝံပုလွေမရော ဟုတ်ရဲ့လား ။
သူ့ဗိုက်ထဲမှာ တစ်ခြားအကောင်တွေရော အောင်းနေတာလား ။
တွေးလေတွေးလေ ။
အမြင်ကပ် လေလေပဲ ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now