အခန်း ၃၆

4K 429 28
                                    

နောက်တစ်နေ့ မနက်အစောပိုင်းမှာ သီရိမြိုင်စံအိမ်တော်ရဲ့ ခြံဝန်းထဲ၌ လှဲကုလားထိုင်ဖြင့် ထိုင်ကာ ဒဂုန်မဂ္ဂဇင်းကို လှော်လှန်ဖတ်နေသည့် မြိုင် ။ မြိုင်သည် မိမိ၏ခြေထောက်များကို ခုံပေါ်၌ ခွေတင်ထားပြီး လုံချည်အဖျားစ၌ ပေါ်လွင်နေသော ကိုးကွယ်ချင်စရာ ခြေချောင်းလေးများကို လှုပ်ခါလို့နေပြီ ။

ဖူးဖူးဥဥလေး ဖြစ်လို့ နီရောင်သွေးနေသည့် ပါးပြင်လေးနှစ်ဖက်ဟာ ခြယ်သထားသော ပါးနီဖျော့ဖျော့လေးကြောင့် အစွမ်းကုန်လှပနေပြန်ပြီ ။

ရာသီဥတု အေးမြသည့်ကြောင့် ဆင်စွယ်ရောင် ဆွယ်တာကို ရင်ဘက်ကြယ်သီး မတပ်ထားဘဲ ဝတ်ထားသည် ။

တောင့်တင်းလှသော ရင်မိုမို့ပေါ်မှာ ဝဲကာကျနေသော ဆံနွယ်များသည် ရွှေရင်လွှာတို့ရဲ့ ကောက်ကြောင်းအတိုင်း လှနေရှာသည် ။

အသက်တစ်ချက်ရှူလိုက်တိုင်းမှာ ပင့်တက်သွားသော ရွှေရင်လွှာမို့မို့ဟာ မြိုင့်ရဲ့ အလှကို အားပြုပေးနေသယောင် ရှိသည် ။ ဆွဲဆောင်မှု ရှိတဲ့ မြိုင့်အတွက် ဆွဲဆောင်မှု တစ်ခု ဖြစ်ပေးနေသည် ။

မဂ္ဂဇင်းအား တစ်ရွက်ပြီးတစ်ရွက် လှော်လှန်ဖတ်နေသည့်အချိန် ချစ်သူလေးကို မတွေ့ရပါသဖြင့် ဘေးဘီဝှေ့ကြည့်မိသည် ။

" သိုးပေါက်လေး ဘယ်ရောက်နေပါလိမ့် ။ "

တီးတိုးရေရွတ်မိချိန် တွေ့လိုက်သူမှာ ညိုလေး မဟုတ်ဘဲ ကိုမြင့်မောင် ဖြစ်နေသည် ။ ကိုမြင့်မောင် ပီးဂျက်ကက်ရှည်ကို ဝတ်ပြီး မြိုင့်အနားသို့ လာခဲ့ပုံရသည် ။

သပ်ရပ်စွာသော ဆံနွယ်တွေဟာ လေအဝှေ့မှာ ဝေ့ဝဲသွားခြင်း မရှိ ။ ဂျက်ကက်ကသာ တဝေ့ဝေ့လို့ လွင့်မြုးနေသည် ။

" မြိုင် ။ "

အပြုံးနဲ့အတူ အနားရောက်လာပြီး မြိုင် ထိုင်နေသော လှဲကုလားထိုင်ပေါ်သို့ အတင်းတိုးထိုင်ပြန်တော့သည် ။

" အို ။ ရှင် ဘယ်လိုဖြစ်ပြန်လဲ ။ အရှေ့မှာ ခုံတစ်ခုလုံး ရှိနေတာကို လွတ်လွတ်လပ်လပ် ထိုင်ပေါ့ ။ "

" မြိုင့်အနားမှာ နေချင်လို့လေကွာ ။ "

မျက်နှာချင်းဆိုင်ကာဖြင့် အတင်းကိုရအောင် တိုးထိုင်ပြီး မြိုင့်ရဲ့ခါးသွယ်သွယ်လေးကို လှမ်းကိုင်လိုက်သည် ။ ကိုမြင့်မောင်ဟာ တကယ့်ကို ခြေသွက် လက်သွက်သူ ပီသပေသည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now