အခန်း ၃၀

4K 402 23
                                    

ညိုလေး၏ အမြင်မတော်သောပုံရိပ်များကို ကိုမြင့်မောင် ဝင်ထိန်းလိုပေသည် ။ သို့ပေတည်း ။ မြိုင့်အနားကိုသာ သွား၍ မြိုင့်အား လက်ဆွဲကာ ခေါ်လာခဲ့သည် ။

" ရှင် ဘာပြုလို့ ဒီကိုခေါ်လာသလဲ ။ လွှတ်စမ်းပါ ။ "

" အစ်ကို လွှတ်ပါမယ် ။ တစ်ခုတော့ အစ်ကို့ကို ကူညီပေးပါဦး မြိုင်ရယ် ။ "

" ရှင့်ကိစ္စတွေက ပြီးကို မပြီးနိုင်တော့ဘူး ။အမြဲတမ်း ကျွန်မ ခေါင်းပေါ်ပဲ ။ ရှင့်ကို ရာထူးတိုးပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ဘတ်ဂျက်တောင်းပြန်ပြီပလား ဟင် ။ "

" အဲ့ကိစ္စက နောက်မှ ပြောကြတာပေါ့ မြိုင် ။ အခု ညိုလေးကိစ္စကို အရင်ရှင်းရမယ် ။ "

" အို ။ အဲ့မြေခွေးမကို ရှင့်ဘာသာရှင်ပဲ ရှင်းပါလား ။ ရှင် မောင်းထုတ်လိုက်ရင် အလွယ်သားပဲလေ ။ "

" လွဲပြန်ပြီ မြိုင်ရယ် ။ အစ်ကိုပြောချင်တာက ။ ဟိုမှာ ဟိုမှာ ညိုလေး မူးနေတယ် တွေ့တယ် ။ "

" ဘယ်လို ။ မြေခွေးမက မူးနေတယ် ဟုတ်သလား ။ "

မြိုင်ဟာ အမှောင်ရိပ်ထဲမှာပင် လည်ပင်းတထောင်ထောင်ဖြင့် လိုက်ရှာမိသည် ။ ချောင်ကျသောစားပွဲ၌ မျက်နှာနှင့်စားပွဲ မိတ်ဆက်နေသည့် ညိုလေးအား လှမ်းတွေ့မိတော့သည် ။

မြိုင်သည် သူမအတွက်ကြောင့်နဲ့ မိန်းကလေးတန်မဲ့ အရက်တွေ သောက်နေရပါပကောလားဟု တွေးမိသည် ။

" ဒီလိုပုံစံဆို ခက်ရချည်ရဲ့ ။ "

" ခက်တာကို လွယ်အောင် ။ မြိုင်ကပဲ ဖြေရှင်းပေးပါကွာ ။ မိုးလည်းမှောင်နေပြီဆိုတော့ မြိုင်လည်း ပြန်နားသင့်ပြီလေ ။ "

" အို ။ မပြန်နိုင်ပါဘူး ။ ကျွန်မ ပျော်လို့မပြီးသေးဘူး ။ ကျွန်မမှာ အခုမှ ပျော်ရတာ မပြန်နိုင်ဘူး ကိုမြင့်မောင် ။ "

" ခက်ပါရဲ့ မြိုင်ရယ် ။ ဒီပုံစံအတိုင်းဆို မြိုင့်ရဲ့ ညီမညို ဒုက္ခရောက်လိမ့်မယ် ။ "

" အို ဘယ်ကသာ ကျွန်မညီမလဲ ။ ရှင်နော် ရှင် ။ ကိုယ့်အရှုပ်ကို နိုင်အောင် မရှင်းဘူး ။ "

" ဒီအရှုပ်ကိုလည်း မြိုင်ကပဲ ကူညီပေးပါကွာ ။ အတော်ကြာရင် မြင်မကောင်းဖြစ်သွားလိမ့်မယ် ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now