အခန်း ၁၅

5K 506 19
                                    

" မြိုင်က ကျုပ်အတွက်တော့ နတ်ဘုရားပဲလေ ။ "

ဆံတော်ဂါ့ဒ်၌ ဝိုင်ငှဲ့နေတဲ့ ကိုမြင့်မောင်ဟာ ထိုသို့ပြောလိုက်ခြင်းဖြစ်သည် ။ သူ၏အရှေ့၌ ရွယ်တူအမျိုးသား ယောက်ျားတစ်ယောက် ရှိပါသည် ။ ထိုယောက်ျားဟာ စုံထောက်ကြီးဦးစံရှား ဖြစ်သည် ။ သူထောက်လှမ်းခဲ့သော အမှုကိစ္စတိုင်းဟာ အောင်မြင်သည် ။ ကောက်ရိုးပုံထဲက အပ်ကိုတောင် ရအောင်ရှာတတ်တဲ့ ဇွဲရှိသော စုံထောက်ကြီးဦးစံရှားသည် ဒီနေ့ညအဖို့တော့ ရာဇဝတ်အုပ်ကိုမြင့်မောင်နဲ့ ဝိုင်အတူတူ သောက်နေပါတော့သည် ။

စီးကရက်စ်အငွေ့များ ပျံ့နှံ့နေသော ထိုအခန်းထဲ၌ အလုပ်ကိစ္စနဲ့ လူမှုရေးကိစ္စများကို တိုင်ပင်ဆွေးနွေးနေကြခြင်းဖြစ်သည် ။ ယောက်ျားတို့ ထိန်းသိမ်းနေပေမယ့် လွတ်ထွက်လျက်ရှိသော မိန်းမရေးရာကိစ္စတွေလည်း ပါကောင်းပါမယ် ။ ပါလည်းပါနေမည် ။ ပါလည်းပါပြီးခဲ့ပြီ ။

" ခင်ဗျားကိုတော့ အားကျပါရဲ့ မြင့်မောင် ။ "

" အဟက်ဟက် ။ ရော့ဗျာ ။ ဝိုင်လေး မော့လိုက်ပါဦး ။ "

ကိုမြင့်မောင် လှမ်းပေးသော ဝိုင်ခွက်ကို ယူကာဖြင့် စုံထောက်ကြီးဦးစံရှားသည် တစ်ငုံမျှသောက်ကာ မော့ချလိုက်ပါတော့သည် ။

" ပြောစမ်းပါဦး ထောက်ကြီးစံရှားရဲ့ ။ ကျုပ်ကို ဘာတွေများ အားကျနေရတာပါလိမ့် ။ "

" ခင်ဗျားက ကျုပ်တို့နယ်ပယ်မှာ နေရာတစ်ခုရနေပေမယ့်လည်း ။ မ'တွေကို ချုပ်တဲ့နေရာမှာတော့ အားလုံးရဲ့ ထိပ်မှာပဲလေ ။ ပညာတတ်တဲ့မိန်းမ ၊ ဥစ္စာပေါ ရုပ်ချောတဲ့ မြိုင့်လိုမိန်းမကို ရထားပြီး မိန်းမတွေကိုတံတားဆောက်လို့ရတဲ့အထိ ပွေရှုပ်ပြီး ။ ဟော ။ အခုဆိုရင် မယားငယ်လေးကို အိမ်ပေါ်တောင် ခေါ်တင်ထားပြီးပြီလေ ။

ကျုပ်ဆို အိမ်မှာ နွားအိုမကြီးကို ကြောက်လို့ တုန်နေရတုန်းဗျ ။ "

" အဟားဟား အဟားဟား ။ ခင်ဗျား ဗျာ ။ ကျုပ်ယူထားတဲ့ မိန်းမက ခင်ဗျားယူထားတဲ့ မိန်းမနဲ့မှ မတူဘဲ ။

မြိုင်က နတ်ဘုရားသာဆိုပေမယ့် ကျုပ်မရှိတော့ရင် မနေနိုင် မထိုင်နိုင်ဖြစ်နေတဲ့ မိန်းမပဲလေ ။ ကျုပ် ဘယ်လောက်ပဲဆိုးနေပါစေ ။ မြိုင်က ခွင့်လွှတ်ပေးပြီးသား ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now