အခန်း ၁၀

5.4K 533 28
                                    

သီရိမြိုင်စံအိမ်တော်ထဲရှိ ဧည့်ခန်းကြီးထဲ၌ တိုက်ပုံ ၊ လုံချည်တို့ကို ကျော့ကော့နေအောင် ဝတ်ထားပြီး တောက်ပြောင်နေသော ယောက်ျားစီးshoeဖိနပ်အား စီးထားသည့် ရာဇဝတ်အုပ်ကိုမြင့်အောင်ဟာ ခြေချိတ်ထိုင်လို့ တစ်စုံတစ်ခုအား လေးနက်စွာဖြင့် စဉ်းစားနေပေတော့သည် ။

" ငါမှားသွားတယ် ။ မြိုင့်ကို ဒီလိုပုံစံနဲ့တော့ မဆက်ဆံသင့်ဘူး ။ ဘာအကြောင်းပဲ ဖြစ်နေပါစေ ။ သူက ငါ့မိန်းမ ။ ငါ့ကို ချစ်လို့ ဂုဏ်ပကာသနကို မမက်ပဲ လက်ထပ်ယူထားတဲ့ မိန်းမ ။ ဒီမိန်းမကို ဒီအကြောင်းအရာလေးတစ်ခုအတွက် လက်ရွယ်မိခဲ့တဲ့ ငါဟာ ငမိုက်သားနဲ့ မခြားလှဘူး ။

အစ်ကို တောင်းပန်တာကို မြိုင် လက်ခံပေးနိုင်မလားကွယ် ။ "

စံအိမ်အနီးမှာ ရထားလုံးဆီက ခြူသံလေးကို ကိုမြင့်မောင်ကြားလိုက်ရပြီ ။ ဒါဟာ မမမြိုင်နဲ့ ညိုလေးတို့ပဲ ဖြစ်ရမည်ဆိုတာကို ကိုမြင့်မောင် အတတ်သိလိုက်ပေသည် ။

ခဏအကြာ၌ စံအိမ်တော်ထဲသို့ ဖိနပ်သံတွေကြားလိုက်ရပြီ ။ မမမြိုင်အနောက်သို့ ညိုလေးဟာ လိုက်ပြန်ပါပြီ ။ မမမြိုင်ရဲ့ မျက်နှာမှာ အနည်းငယ်မျှ ပြုံးနေလို့ ။ ဂျိမ်းဂျိမ်းခင်အုန်းအကြောင်းကို ညိုလေးကိုပြောပြတော့ အကန်တွေကိုပဲ ညိုလေးက ပြောပေသည် ။ ဂျိမ်းဂျိမ်းခင်အုန်းဟာ ကိုမြင့်မောင်ရဲ့ အဆက်ဟောင်းဆိုတဲ့အကြောင်း ၊ ဘယ်လို စပ်စလူးထ ၊ ဂယက်ထလိုက်သလဲ ဆိုတဲ့အကြောင့် မမမြိုင်ပြောပြတော့ ရထားလုံးပေါ်မှာ အိနြေ္ဒတောင်မထိန်းနိုင်လဲ ခွက်ထိုးခွက်လန်ရယ်နေပေသည် ။ ဒါကိုတော့ မမမြိုင် တစ်ချက်မဟန့်ခဲ့ပါ ။ ပျော်ပါစေ ဆိုသောစိတ်ဖြင့် လွှတ်ထားပေးခဲ့ဖြစ်သည် ။

" မြိုင် ။ "

အပျော်တွေကို ပျက်သွားစေတဲ့ ဧည့်ခန်းထဲကအသံကြောင့် မမမြိုင်မှာ ချက်ချင်းဆိုသလို ရုပ်တည်သွားခဲ့ပေသည် ။ ညိုလေးလည်း ထိုနည်းတူ ။

အသာလှည့်ကြည့်မိတော့ ကိုမြင့်မောင်ဟာ မမမြိုင်အား အားနည်းသောမျက်ဝန်းတွေနဲ့ သနားညှာတာခိုင်းစေသော နှုတ်ခမ်းတစ်စုံကို မမမြိုင် တွေ့မိတော့သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now