အခန်း ၁၉

4.1K 418 14
                                    

ကိုမြင့်မောင်သည် မြိုင်နှင့်စကားများသည့်အချိန်တိုင်း ဆံတော်ဂါ့ဒ်မှာ ဝိုင် သောက်၍သာ အချိန်ကုန်နေသူဖြစ်သည် ။

ဆံတော်ဂါ့ဒ်အတွင်းရှိ အခန်းတစ်ခန်းထဲ၌ ကိုမြင့်မောင်သည် ထိုင်ခုံပေါ်မှာထိုင်နေရင်း ဝိုင်တစ်ခွက်အား တစ်ကျိုက်မော့ချပစ်လိုက်သည် ။ အံကြိတ်ကာဖြင့် မြိုင် ပြောခဲ့သော စကားလုံးများကို နားနဲ့မခံနိုင်အောင် ကြားနေရသည် ။

" ရှင် ဒီ့ထက်ဝဋ်လည်လာဖို့ ကျွန်မ မျှော်လင့်တယ် ။ "

ကျိန်စာလား ။ ဆုတောင်းလား မခန့်မှန်းနိုင်သော ထိုစကားကိုသာ အထပ်ထပ်အခါခါ ကြားရနေပြီ ဖြစ်တာကြောင့် ကိုမြင့်မောင်၏ ထိန်းထားသော ဒေါသများပေါက်ကွဲလာပြီ ဖြစ်သည် ။ လက်ထဲမှာ ကိုင်ထားသော ဖန်ခွက်အား ကြမ်းပြင်ဆီသို့ ပစ်ပေါက်ချလိုက်သည်ကြောင့် ဖန်ခွက်မှာတော့ တစ်စစီကြေမွသွားခဲ့ပြီ ။ ဝိုင်အရည်များဟာလည်း ကြမ်းပြင်ထက်သို့ ခစားနေခဲ့ပြီ ။ ကိုမြင့်မောင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် စုတ်လို့ ခုံလက်တန်းအား အားနဲ့မာန်နဲ့ ထိုးမိတော့သည် ။

အသက်ရှူသံများဟာ အရင်ကထက် ပို၍ ပြင်းထန်လာသည် ။ ဒေါသမီးတောက်နေသော မျက်ဝန်းများဟာ အင်မတန်ထိတ်လန့်ချင်စရာ ။ ကြောက်စရာ အလွန်ကောင်းလွန်ပြီ ။

" အဆုံးရှုံးမခံနိုင်ဘူး မြိုင် ။ ဘယ်သူ့လက်ထဲကိုမှ ကြည်ကြည်ဖြူဖြူ မထည့်ပေးနိုင်ဘူး ။ "

မျက်ဝန်းထောင့်ဖျားများ နီရဲနေသည်မှာ မီးတောင်အသွင် ။ ဘယ်အချိန်ပေါက်ကွဲထွက်မလဲ ဆိုတာ မခန့်မှန်းနိုင်သလို ချော်ရည်များကတော့ လျှံကျနေသည် ။

အံကိုသာကြိတ်လို့ အတိတ်က ဖြစ်ရပ်များဆီသို့ ကိုမြင့်မောင် ခြေစုံချမိတော့သည် ။

ကိုမြင့်မောင်နှင့် စတွေ့ခဲ့သော လွန်ခဲ့သော ၁၉ နှစ်ကျော်က အတိတ်ဆီသို့ မြိုင့်အသက်ဟာ ၁၇ နှစ်ဆိုရုံမျှသာ ရှိသေးသည် ။ ငယ်ရွယ်နုပျိုမှုတွေ ဝန်းရံနေတဲ့ မြိုင်ဟာ သီရိမြိုင်စံအိမ် အနောက်ဘက်ရှိ အမြစ်ခိုင် ပင်စည်လုံးကြီးသော သစ်ပင်ကြီးတစ်ပင်၏ ခပ်နိမ့်နိမ့်သစ်ကိုင်း၌ ထိုင်နေလေသည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now