အခန်း ၃

6.5K 550 33
                                    

" ဒေါ်နု ။

ဒေါ်နု ။ "

အိပ်ခန်းကြီးထဲရှိ မမမြိုင်မှာ ကျွန်းသားနဲ့ပြုလုပ်ထားတဲ့ ဗီဒိုကြီးထဲ ခေါင်းဝင်နေလို့ ဒေါ်နုအား လှမ်းအော်ခေါ်နေတော့သည် ။

" မကြားဘူးလား ။

ဘယ်သူ့မှ မရှိဘူးလား ။ ဒေါ်နု ။ "

ဗီဒိုတံခါးကို ဆောင့်ကာပိတ်ချလိုက်ပြီး ချက်ချင်းဆိုသလို ဒေါသမီးတောက်များ ထွက်လာတဲ့ မမမြိုင်တစ်ယောက် အခန်းထဲမှ ထွက်ဖို့ ဟန်ပြင်တော့သည် ။

ငါ့ကို မခန့်လေးစား လုပ်နေကြတာလား ။

တံခါးကို ဖွင့်ဖို့ လက်ရွယ်သည်နှင့် တစ်ပြိုက်နက် ဒေါ်ဒေါ်နုဟာ အခန်းတံခါးကို ဖွင့်လိုက်ပေတော့သည် ။

" မြိုင် ။ "

" မြိုင်တွေ ဘာတွေ လာလုပ်မနေနဲ့ ။

တာဝတိံသာနတ်ပြည်က သိကြားမင်းရော ၊ ငရဲကြီး၈ထပ်က ငရဲမင်းရော ၊ အရပ်၈မျက်နှာက သတ္တဝါတွေရော ကျွန်မအော်ခေါ်နေတာကို ကြားနေရပြီ ။

ဒေါ်နုက ဒီလောက်အော်ခေါ်နေတာကို ဘာလို့ မကြားနိုင်ဖြစ်နေတာလဲ ။ "

" မဟုတ်ပါဘူး မြိုင်ရယ် ။ ဒေါ်ဒေါ်နု ခြံဝန်းထဲရောက်နေလို့လေ ။ အဲ့တာ ကလေးတွေ လာခေါ်မှ သိတာ မြိုင်ရဲ့ ။ "

" ထားတော့ ထားတော့ ။

ဟိုးတစ်နေ့ကမှ ဝယ်လာတဲ့ အင်္ကျီအဖြူလေး ကူရှာပေးပါဦး ။ ကျွန်မ ရှာနေတာ ဗီဒိုတစ်ခုလုံးလည်း ရှုပ်ပွနေပြီ ။ "

မမမြိုင် အခန်းထဲသို့ ပြန်လှည့်ဝင်လာပြီး ကျွန်းသားနဲ့ ပြုလုပ်ထားတဲ့ ဗီဒိုကြီးအရှေ့မှာပုံနေတဲ့ အဝတ်ပုံကြီးကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ကာဖြင့် မတ်တပ်ရပ်ကြည့်နေပေတော့သည် ။

" ကျွန်မရှာရလွန်းလို့ကို တိုင်ပတ်နေပြီ ။ ကြီးကြီး အနားကိုသွားဖို့လည်း နောက်ကျနေပြီ ။ တကယ်ပါပဲ နော် ။ "

ဒေါ်ဒေါ်နုဟာ အဝတ်ပုံကြီးအရှေ့မှာ ထိုင်ချလိုက်ပြီး တစ်ထည်ချင်းစီ ရှာဖွေနေပါတော့သည် ။

မမမြိုင်ကတော့ စိတ်ပျက်နေတဲ့ မျက်နှာပေးနဲ့ အနီးအနားရှိ ခုံပေါ်၌ ထိုင်ချလိုက်ပေတော့သည် ။ ခေါင်းဦးကို လက်ထောက်လို့ တစ်ခုခုကို တွေးနေပေတော့သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now