အခန်း ၃၄

4.2K 467 26
                                    

စံပယ်ရုံအနားမှာ ပြောခဲ့မိသော အကြောင်းအရာများကို မြိုင်ဟာ စဉ်းစားမိနေသည် ။ နူးညံ့အိစက်သော ကုတင်ပေါ်မှာ လှဲနေရင်း မိမိ၏ လက်ချောင်းများကို ဖြန့်ကြည့်သည် ။

" ဒီအဖိုးတန် လက်ချောင်းတွေကို ။ ငါက ။ အိုးဝေး ။ ရာရာစစ ။ "

မျက်ခုံးတစ်ဖက်ပင့်ကာ ထိုလက်ချောင်းများကို ကြည့်ရင်း ရင်နာမိနေသည် ။

" ဘာလို့ သူ့ဆန္ဒကို ဖြည့်ပေးရမှာလဲ ။ အို ။ တကယ့် ရှားမှရှား ။

ဒါက မကောင်းဘူး ထင်တယ်နော် ။

ဒါပေမယ့် ။ ကောင်းတော့လည်း ကောင်းခဲ့ပါတယ် ။

ဒီ လက်သည်းတွေ ညှပ်လိုက်ရင် နှမြောစရာကြီး ။

မညှပ်ရင်လည်း ပြဲရှကုန်ဦးမယ် ။

အို ။

ဟိုလူကြီး ကိုမြင့်မောင် ပါးစပ်နဲ့ ဆော့ဖူးတာပဲ ။

ပါးစပ်ဆို လျှာရယ် ။ သွားရယ် ။ နှုတ်ခမ်းရယ် ။

ဟင် ။ အဲ့တော့ ဘာနဲ့လဲ ။

အို ။ အို တော်ပါပြီ ။

ရှက်စရာကောင်းတဲ့ အတွေးတွေ ။

NO ! NO ! "

နှုတ်ဖျားမှ တတွတ်တွတ် ပြောနေမိခြင်းပင် ။ ကိုယ့်ဘာသာကိုယ် မေး ။ ကိုယ့်ဘာသာကိုယ် ဖြေနှင့် ။ မြိုင်ဟာ စိတ်ရှုပ်လာလေသည် ။

ဝန်လေးစရာ ကိစ္စကြီးလို ဖြစ်မိသည် ။ သိုးပေါက်လေးလည်း မိမိကဲ့သို့ ဝန်လေးနေမည်ဟု တွေးမိချင်ပေမယ့် ထိုရှက်စရာကောင်းသော ကိစ္စများကို မရှက်မကြောက် ပြောနေမိသည်ကိုပါ တွေးမိလာပြန်သည် ။

မြိုင်ဟာ ထိုကိစ္စအတွက် အတွေးများမိသည် ။ ဖြစ်နိုင်ရင် ဖြူဖြူသန့်သန့်လေးသာ ချစ်ချင်သည် ။ မိမိ၏ နှလုံးသားကိုသာ ပေးအပ်လိုသည် ။ မိမိ အသက်ရှင်နေသရွေ့ ချစ်ကြည့်ချင်သေးသည် ။

နောက်တစ်နေ့မနက်မှာ စောစောထနိုင်ဖို့အတွက် အတွေးများကို ဘေးဖယ်ထုတ်ကာ အိပ်စက်အနားယူပေတော့သည် ။ အသက်ဝိဉာဉ် လွင့်မျောစေသည်အထိ အိပ်စက်ဖို့ရာ အချိန်ယူခဲ့ရပါသည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now