အခန်း ၄၃

3.7K 405 29
                                    

ကိုမြင့်မောင် ပြောသည်ကို မြိုင် ကြားပေမယ့် နားမလည်နိုင် ။ ဘာကြောင့် ထိုစကားကို ပြောလိုက်သည်မှန်း မြိုင် မတွေးနိုင် ။ ညိုလေးလည်း ထိုနည်းတူစွာပင် ။

စာဖတ်ခန်းထဲသို့ ဝင်သွားသည့် ကိုမြင့်မောင်အနောက်သို့ သူမတို့နှစ်ယောက် လိုက်သွားကြသည် ။

" ကိုမြင့်မောင် ။ ဒါ ဘာကိုပြောချင်တာလဲ ။ ဘာကိုဆိုလိုချင်တာလဲ ။ "

" ငါ့စံအိမ်မှာ သည်လိုမိန်းမကို ဆက်မထားနိုင်တော့ဘူး ။ "

" ဘာလို့လဲ ။ ဘာပြုလို့လဲ ။ ညိုလေးက ရှင်အပေါ်မှာ ဘာတွေများ မဟုတ်တာ လုပ်ထားလို့လဲ ။ "

မြိုင့်ရဲ့ အနားသို့အရောက်လာပြီး နာကျင်စွာဖြစ်နေသည့် ကိုမြင့်မောင် ။ မြိုင့်အား လက်ညှိုးထိုးကာဖြင့် သူ၏ နာကျင်စရာ ခံစားချက်ကို ကြိတ်မှိတ်ခံနေသော မျက်နှာပေး အသံများဖြင့် ဖွင့်ဟသည် ။

" မြိုင် ။ ဘာ့ကြောင့် ဒီလောက်တောင် အချစ်ရူးနေရတာလဲ ။ "

" ရှင် ဘာတွေပြောနေပြန်ပြီလဲ ကိုမြင့်မောင် ။ ကျွန်မကို သေချာရှင်းပြစမ်းပါ ။ ရှင် ဘာတွေပြောနေတာလဲ ။ "

ကျလုနီးနီးမျက်ရည်များကို ထိန်းကာဖြင့် ညိုလေးအနားသို့ သွားသည် ။ ပြီးနောက် ညိုလေး၏ လက်မောင်းကို ဆွဲယူကာဖြင့် ။

" မင်း ။ ညိုလေးခင် ။ "

မိမိ၏ နာမည်ကို ရုတ်တရက်ချည်း ကြားလိုက်ရသည်ကြောင့် ထိတ်လန့်သည်ထက် တုန်လှုပ်မိသွားသည် ။ မြိုင်ကတော့ ဘာအကြောင်းအရင်းမှ မသိရ ။ အတွေးများသာ ပြည့်နှက်နေပါတော့ပြီ ။

" ကိုမြင့်မောင် ။ "

" ဒီမယ် ညိုလေး ။ မင်းက ငါ့ကို လက်စားချေချင်ရုံနဲ့ ငါ့မိန်းမကိုပါ မင်းဘက်ဆင်းအောင် မြောင်းဖောက်ပေးရသလား ။ "

" ကိုကိုမြင့် ။ ကိုကိုမြင့် ဘာတွေပြောနေသလဲ ဟင် ။ ကျွန်မ နားမလည်တော့ဘူး ။ "

" ရူးချင်ယောင်ဆောင်မနေစမ်းနဲ့ကွာ ။ မင်း မြိုင့်ကို ချစ်နေတာ မဟုတ်လား ။ "

" ကိုမြင့်မောင် ။ "

" မြိုင် အသာနေစမ်း ။ အစ်ကို ပြောတာကို နားထောင် ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now