အခန်း ၃၅

4.3K 454 35
                                    

ချစ်တဲ့စိတ်ကလေးနဲ့ ငေးကြည့်မိတောင်မှ နှလုံးသားမှာ ပျော်ရွှင်ရချေပြီ ။ အချစ်မုန်တိုင်းတွေများ ဆောင်းရာသီမှာ တိုက်ခိုက်နေပါပကောလား ဟု မေးခွန်းထုတ်ချင်မိသည့် အထိပါပင် ။

သစ်ပင်ပေါ်မှာ ထိုင်ပြီး မြိုင့်အလာကို စောင့်မျှော်နေတဲ့ ညိုလေးဟာ လက်အနောက်ပစ်လို့ မိမိရှိရာဆီလို့ လျှောက်လှမ်းလာတဲ့ မြိုင့်ကို မြင်ပြီး မျက်ဝန်းညိုများဟာ ရွှန်းဆာသွားခဲ့ပြီ ။

ပြုံးရယ်မိသောနှုတ်ခမ်းများဟာ နှလုံးသားကိုပါ ပျော်ရွှင်စေရပြီ ။ မြိုင့်ဆီသို့ အပြေးသွားဖို့ သစ်ပင်ပေါ်ကဆင်းရန် ဟန်ပြင်ပေမယ့် မိမိမှာ မြိုင့်ကို စိတ်ကောက်နေသည်ဖြစ်ကြောင်းကို အမှတ်ရမိ၍ နှုတ်ခမ်းထောင့်ချိုးများအား အောက်ကို ကျစေပြီး မျက်စောင်းလက်နက်ထိုးလိုက်ပါပေသည် ။

" စိတ်ကောက်နေတုန်းပဲလား ။ "

ဟု မြိုင်ဟာ သစ်ပင်အနားသို့ ရောက်သည်နှင့် သိုးပေါက်လေးရဲ့ မျက်နှာကိုကြည့်ပြီး မေးလိုက်ချေတော့ပြီ ။

" ပြောလေ ။ စိတ်ကောက်နေတုန်းပဲလား လို့ ။ "

" ဟုတ်တယ် ဟုတ်တယ် ။ စိတ်ကောက်နေတုန်းပဲ ။ ကျွန်မကို မခေါ်ဘဲနဲ့ သွားတာကိုးလို့ ။ "

" အရေးကြီးကိစ္စ ရှိလို့ပါ အချစ်ကလေးရဲ့ ။ အခု မင်းကို လွမ်းလွန်းလို့ အမြန်ပြန်လာပြီလေ ။ အနည်းဆုံးတော့ အလွမ်းပြေအနမ်းတစ်ပွင့် လာပေးသင့်ပြီ ။ "

" သြော် ။ သူများကို ကောက်အောင်လုပ်ခဲ့ပြီး အနမ်းလိုချင်နေသေးသလား ။ "

" လိုချင်တာပေါ့ ။ အဝေးကြီးက ပြန်လာရတဲ့ သူလေ ။ စံအိမ်ရောက်ရောက်ချင်း မင်းကို လိုက်ရှာနေတာကို ငဲ့ကြည့်ဦးလေကွယ် ။ "

" ဟွန့် ။ မမမြိုင်ကို မချစ်တော့ဘူး ။ "

" တို့ကို မချစ်ဘဲ နေနိုင်တဲ့ သတ္တိ မင်းမှာ ရှိလို့လား ။ "

မြိုင်ဟာ ပြုံးရိပ်ယောင်သန်းသော အပြုံးလှလှနှင့် အတူတူ ညှို့မျက်ဝန်းတွေနဲ့အတူတူ မိမိ၏ အချစ်ကလေး သိုးပေါက်လေးအား ညှို့လိုက်ချေပြီ ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now