အခန်း ၉

5.4K 520 41
                                    

" တို့ကို ။ ဘယ်အချိန်ထိ မလှုပ်မရှားဘဲ ကြည့်နေဦးမှာလဲ ။ "

သိပ်ကဗျာဆန်လွန်းတဲ့ မမမြိုင်ကို ငေးကြည့်နေမိခဲ့သည်မှာ မိုးသားတိမ်တိုက်တွေကို ငေးကြည့်နေခဲ့မိသလို အချိန်တွေ အတော်နှောင်းခဲ့ရပြီ ။ ရုပ်နဲ့နာမ် လွဲသကဲ့သို့ အဖြစ်မျိုးကို ကြုံတွေ့လိုက်ရတဲ့ ညိုလေးဟာ မမမြိုင်ရဲ့ အမေးကြောင့် အသိစိတ်များ ပြန်ဝင်လာပေသည် ။

" လှလို့လေ မမမြိုင်ရဲ့ ။ "

" ဟွန့် ။ ခွင့်ပြုချက်မတောင်းဘဲ စံပယ်ပန်း ပန်ပေးတာကတော့ မဟုတ်သေးဘူးနော် ။ မင်းထက် အကြီးဖြစ်တဲ့ တို့ကို လေးစားမှုမရှိတာလား ။ "

" ပန်းပန်ပေးရုံလောက်နဲ့ လေးစားမှုမရှိဘူးလို့တော့ ကျွန်မ မထင်ပါဘူး မမမြိုင် ။

စံပယ်ပန်းက လှတယ် ။ ဒါပေမယ့် မမမြိုင်ရဲ့အလှနဲ့ယှဉ်ရင် ဒီစံပယ်တွေ လှဦးမလားလို့ ကျွန်မ သိချင်ခဲ့တာ ။

အခုတော့ ကျွန်မ အဖြေရသွားပြီ ထင်တယ် ။ "

" အဖြေက ဘာတဲ့လား ။ "

" အဖြေက ။ သက်ရှိဖြစ်တဲ့ မမမြိုင်ပေါ့ ။

ဒါပေမယ့် စံပယ်ပန်းဖြူဖြူလေးတွေကြောင့် မမမြိုင်က ပိုလှသွားတယ်လို့တော့ ကျွန်မထင်တယ် ။ "

ညိုလေးရဲ့အဖြေကို မမမြိုင်မှ စက္ကန့်ပိုင်းမျှကြာသည်အထိ စဉ်းစားမိခဲ့ပေသည် ။ ပြီးနောက် ရှက်သွေးဖြာနေသလို တီးတိုးစွာဖြင့် မေးရှာသည် ။

" စံပယ်ပန်းတွေ မရှိရင်ရော ။ လှဦးမှာလား ။ "

မမမြိုင်ရဲ့ မေးခွန်းကို မဖြေမိခဲ့ပါ ။ အချိန်အတန်ကြာသည်အထိ ညိုလေးရဲ့ဦးနှောက်ထဲမှာ ' စံပယ်ပန်းလေးနဲ့မှ ပိုလှတယ် ' ဆိုတဲ့စကားလုံးတွေသာ ပြည့်နှက်နေခဲ့သည် ။

သို့ပေတည်း သူမရဲ့ဆန္ဒလေး ပြည့်ဝခဲ့ရသည်ဟု ဆိုနိုင်မည် ။ တစ်ချိန်က ငယ်ရွယ်မှုတွေနဲ့ ဖောင်ဖွဲ့နေခဲ့တဲ့ စံပယ်ပန်းလေးနဲ့ မမမြိုင်ကို ဒီနေ့ ဒီအချိန် ဒီနေရာမှာ သူမတစ်ဦးတစ်ယောက်ထဲ ပန်းချီကားချပ်သဖွယ် တွေ့လိုက်ရသည် ။ ငေးကြည့်ခွင့်ရခဲ့သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now