အခန်း ၄၁

3.5K 401 56
                                    

့ဒီမိန်းကလေးကို တကယ်ကြီး ချစ်မိနေပြီ ။
ဒီလို ချစ်မိနေလို့လည်း လောဘကြီးလာမိပြီ ။
သူမရဲ့ အရာအားလုံးဟာ မြိုင် ဆိုတဲ့ ကျွန်မသာ ဖြစ်စေချင်လာပြီ ။

အချစ်ဆိုတဲ့ နူးညံ့မှုကို နောက်တစ်ကြိမ် ပြန်ခံစားလာခဲ့ရတာ ဒီမိန်းကလေးကြောင့်ပဲလေ ။
ကဲ ကျွန်မ ချစ်မိတာ အပြစ်ရှိလား ။

စံအိမ်တော် ခြံဝန်းထဲရှိ အမိုးပါစားပွဲဝိုင်းထဲ၌ နှင်းဆီပန်းကဲ့သို့ အပွင့်ကြီးကာ လှပနေသည့် စံပယ်ပန်းပွင့်များကို သဘောကျစွာ မွှေးကြိုင်နေသည့် သိုးပေါက်လေးကို မေးထောက်စွာ ငေးကြည့်နေမိပြန်သည် ။

" ဒီစံပယ်ပန်းက နှင်းဆီပန်းနဲ့ တူတယ်နော် မမမြိုင် ။ အပွင့်က ကြီးပြီး လှနေရောပဲကွယ် ။ ရော့ မမမြိုင် ပန်ထားလိုက် ။ "

" တို့ ပန်ရမှာ ပျင်းတယ်ကွယ် ။ "

" ဒါဖြင့်ရင် ကျွန်မပဲ ပန်ပေးပါတော့မယ် ရှင် ။ "

ချစ်သူမိန်းကလေး ပန်ပေးသော ပန်းကိုသာ ဆင်မြန်းချင်သည်ကြောင့် ထိုသို့ စကားကို တမင်ပြောလိုက်ခြင်းပဲ ဖြစ်သည် ။

မြိုင့်ရဲ့ စိတ်ဟာ ခန့်မှန်းရခက်သည် ။ သူမ၏ စိတ်နှင့် ပြောထွက်သော စကားများဟာ ကွာဟမှုရှိသည် ။ နှုတ်ကသာ မချစ်သလို ပြောပေမယ့် မိမိ၏ နှလုံးသားထဲမှာတော့ တုန်နေအောင် ချစ်လှပြီ ။

" လှလိုက်တာနော် ။ မမမြိုင်က တကယ် အလှနတ်ဘုရားမလေးလား ကွယ် ။ "

" အင်း တို့လှတာ တို့သိသားပဲ ။ "

ဆံကေသာမှာ ဆင်မြန်းထားသည့် စံပယ်ပန်းကို အသာကိုင်လို့ ပြောလိုက်ပေသည် ။

ညိုလေးသည်တော့ မြိုင့်ရဲ့မျက်နှာကို မော်ဖူးလို့ ခစားခွင့်ရနေတော့ပြီ ။

" တို့တွေ ဟိုတယ်သွားရအောင် ကွယ် ။ "

" အို မမမြိုင်ကလည်း ။ ဒီမှာလည်း အဆင်ပြေနေတာပဲဟာကို ။ "

" ဟွန့် ။ မင်းရဲ့အတွေးတွေကလည်း တစ်စိပ်ရှိ ဒီအမှောင်သိုက်ထဲက မထွက်တော့ဘူး ။ ကျေးဇူးပြုပြီး အလင်းရောင်ထဲ နေပါဦးနော်လို့ ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now