အခန်း ၄၄

3.7K 393 44
                                    

နေထွက်ချိန်ကစလို့ နေဝင်ချိန်အထိ ၊ ရက်တွေ လတွေ ပြောင်းရွေ့နေပါလျက်နဲ့ ကျွန်မ နှလုံးသားက ညိုလေးကို မေ့မရ ။ သတ္တိမရှိ ပစ်ထားခဲ့တဲ့ သူ့ကို မုန်းမရ ။

ရက်ရက်စက်စက် ထားပစ်ခဲ့တဲ့နေ့ကစပြီး မျက်ရည်မကျဖြစ်ခဲ့တော့ဘူး ။ သို့ပေတည်း ရင်ထဲမယ်တော့ အလွမ်းဒါဏ်ရာတွေများလွန်းလို့ ချုပ်ရာတွေလည်း များလှပြီ ။

သိပ်ချစ်မိတဲ့သူအတွက် ဝဋ်ကြွေးလို့လည်း မသတ်မှတ်ပါဘူး ။ မှားနေမှန်း သိပါလျက်နှင့် ရူးမိုက်စွာ ရှေ့ဆက်တိုးခဲ့မိသော ဘုရားပေးတဲ့ အပြစ်လေးတစ်ခုပါပဲ ။ ဝဋ်ကြွေး မဟုတ်ရပါဘူးလေ ။

လွမ်းပါတယ်လို့ ကြေးနန်းရိုက်ဖို့ကိုတောင် သူ ဘယ်မှာနေထိုင်ရှင်သန်နေမလဲ ကျွန်မ မသိရဘူး ။ သူ အဆင်ပြေရဲ့လား ။ ကျွန်မ နဲ့ အဝေးဆုံးမှာ ရှိနေမလား ။ ဒါမှမဟုတ် အနီးဆုံးတစ်နေရာမှာ ရှိနေမလား ။

သူရော ကျွန်မ လွမ်းသလို လွမ်းနေပါ့မလား ။

အနားမှာ သူမရှိပေမယ့် ကျွန်မအတွက် ပျိုးခဲ့တဲ့ စံပယ်ရုံတော့ ရှိနေခဲ့တယ် ။ သူနေတဲ့အိမ်လေးရဲ့ ခြံဝန်းထဲမှာရော ကျွန်မအတွက် စံပယ်ရုံကြီးများ ရှိနေပါ့မလား ။

အမြဲတမ်း တွေးမိချိန်တိုင်း မျက်ရည်တွေသာ ခိုတွဲနေခဲ့တယ် ။ မငိုမိအောင် ထိန်းတယ် ။ ကျွန်မကို ပျော်အောင်လုပ်ပေးခဲ့တဲ့ သူသာ ကျွန်မ ငိုနေပါတယ် ဆိုတာကိုများ သိခဲ့ရင် ဘယ်လောက်ထိ ရင်ကွဲရမလဲ ။

တစ်ခါတစ်လေမှာတော့ ငိုပစ်လိုက်ချင်မိပါရဲ့ ။ ဒါပေမယ့် မငိုဖြစ်ခဲ့ဘူး ။

နွေဦးအကြိုမှာ ထွက်သွားပြီး တစ်နှစ်ပြန်လည်လာတဲ့ နွေဦးကို ရောက်လာတာတောင် တစ်ရက်မှ မေ့မရ ။

ထိန်းမရနိုင်အောင် လွမ်းလာပြီဆိုရင် စံပယ်ခက်ကိုချိုးပြီး ခေါင်းမှာပန်တယ် ။ ဟိုတယ်လ်မှာ ကိုကာကိုလာ သွားသောက်တယ် ။ မေမြို့မှာ သူနဲ့အတူတူ သွားခဲ့ဖူးတဲ့နေရာတိုင်းကို ညနက်တဲ့အထိ လျှောက်သွားဖြစ်တယ် ။ အနားမှာ သူ မရှိနေဘူးကွယ် ဆိုတဲ့အတွေးဟာ သေလောက်အောင် နှိပ်စက်နေတယ် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now