အခန်း ၃၈

3.8K 410 41
                                    

ပွဲမတိုင်ခင် ၅ ရက်အလို၌ ကိုမြင့်မောင်သည်လည်း အလုပ်ရှုပ်နေခဲ့ပါသည် ။ စစ်ဦးစီးမှူးများဆီ ပြေးရ ။ အင်စပက်တော်ဆီသို့ ပြေးရဖြင့် ကိုမြင့်မောင်လည်း မအားလှပါ ။

ထိုနေ့၌ အဝတ်အစား ဝယ်ယူဖို့အတွက် ခေတ်ပေါ်သီချင်း ၊ အင်္ဂလိပ်သီချင်းများကို သီဆိုသော အဆိုတော်မလေး ဂျိမ်းဂျိမ်းခင်အုန်းနှင့် အတူတူ ဈေးထဲသို့ ထွက်လာခဲ့ပါသည် ။ စလွန်းကားဖြင့်သာ ထွက်ချီခဲ့ပြီး ဂျိမ်းဂျိမ်းခင်အုန်း ဝယ်ယူနေကျ ဆိုက်ထဲသို့ ရောက်ဖြစ်ခဲ့သည် ။

" ခန့်ချောကြီးဖြစ်နေလို့လား ။ ကိုကို နဲ့ သိပ်လိုက်တာ ။ အေးလေ ။ ဒီလိုခန့်ပြီးချောနေလို့လည်း မိန်းမတွေ ဝိုင်းနေတာ ဖြစ်မှာပေါ့ ။ "

" အဂျိမ်းရော ကြွေခဲ့တာပဲ မဟုတ်ဘူးလား ။ "

ဂျိမ်းဂျိမ်းခင်အုန်း၏ ခါးကို ရုတ်ခနဲ ဆွဲဖက်လိုက်ကာဖြင့် ဆွဲဆောင်မှုရှိသော မျက်လုံး ၊ နှုတ်ခမ်းတို့ဖြင့် စူးစိုက်ကြည့်သည် ။ ဂျိမ်းဂျိမ်းခင်အုန်းဟာ ခေတ်မှီတာထက် လွန်နေသည့် မိန်းကလေး ။ အင်္ဂလိပ်အမျိုးသမီးများ ဝတ်သဟ့် ဟိုပေါ်ဒီပေါ်ဒီဇိုင်းများအား ဝတ်ဆင်တတ်သည် ။

ဂျိမ်းဂျိမ်းခင်အုန်းဟာ လှသည် ။ ယောက်ျားများကို ဆွဲလမ်းစေနိုင်သည့် အလှတရား ရှိသည် ။ သူ့ကို ဆွဲလမ်းသော ယောက်ျားတွေကို မျက်ကွယ်ပြုလို့ ကိုမြင့်မောင်ကိုသာ ဦးစားပေးတတ်သည် ။ ကိုမြင့်မောင်ကိုတော့ သူမ အများကြီး သဘောကျသည် ။

ဆောင်းတွင်းဘက်မှာ လူသူအများ ချမ်းစိမ့်တုန်ရီနေပေမယ့်လို့ ဂျိမ်းဂျိမ်းခင်အုန်းဟာတော့ ပိုးသားကဲ့သို့ ပျော့တွဲလှသည့် လုံချည်ကို ဝတ် ၊ ဒေါက်ဖိနပ်စီးလို့ လှနေသည် ။ သူမ၏ သိပ်လှတဲ့ အလှတရား ၊ ရင်သားမို့မို့ကို ပေါ်ဟိုက်ထားစေပြီး ဆွယ်တာအင်္ကျီကို ထပ်ဝတ်ထားပေသည် ။

" အဟင်း ။ အဂျိမ်းက ကြီးလေ ပိုလှလာလေပဲ ။ "

ဟု ကိုမြင့်မောင် ပြောလိုက်ပြီး ပေါ်ဟိုက်နေသော ရင်သားမို့မို့ကို ငုံ့ကြည့်ပေသည် ။ ပြီးနောက် စူးနစ်စေသော အပြုံးတစ်ခုကို ဖန်ဆင်းပြီး မို့မောက်သောရင်သားအား ထူထူထပ်ထပ် နှုတ်ခမ်းသားနှင့် ထိတွေ့လိုက်တော့သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now