အခန်း ၂၈

3.9K 428 29
                                    

ပန်းဥယျာဉ်ကန်တော်ကြီးထဲရှိ ချယ်ရီပင်များအောက်က ခုံတန်းပေါ်၌ ကိုဘတင်တစ်ယောက်သည် အနီရောင်နှင်းဆီတစ်ပွင့်ကိုင်ရင်း ညိုလေးအလာအား ရင်ခုန်စွာစောင့်နေခြင်းပင် ။ နှင်းမှုန်များဟာ ယခုချိန်ထိတိုင်အောင် ပျောက်ကွယ်သွားခြင်းမရှိသည့်အပြင် ပူပြင်းပါသည်ဆိုတော့နေတောင် ထိုးဖောက်နိုင်စွမ်းမရှိပါ ။ ချမ်းအေးခိုက်တုန်ရီနေပေမယ့်လို့ အေးစက်ခြင်းရဲ့အငွေ့အသက်ကို မခံစားရဘဲ အချစ်ကြောင့်ဖြစ်ပေါ်လာသော ရင်ခုန်ခြင်း၏ နွေးထွေးမှုကိုသာခံစားရသည် ။

မနက် ၁၀ နာရီထိုးခါနီးဆဲဆဲဖြစ်သည်အား လက်ပတ်နာရီမှ ကိုဘတင်အား ညွှန်ပြနေပြီဖြစ်သည် ။ နာရီလက်တံတစ်ချက်ရွေ့လေသည်နှင့် ကိုဘတင်၏ရင်ခုန်သံမှာ တစ်ချက်မကမြန်ဆန်လာသည် ။

နာရီပြန်တစ်ချက်မက လည်ပတ်ခဲ့သည်မှာ ၁၀ နာရီ ၁၃ မိနစ်မျှ ဖြစ်ခဲ့ပြီ ။ ကိုဘတင်မှာတော့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ညိုလေးကိုစောင့်မျှော်နေရှာပြန်သည် ။ မျှော်လင့်ချက်ကြီးစွာဖြင့်သာ ။

" ညို့မှာအရေးကြီးကိစ္စများရှိနေပါပလား ။ ဒါမှမဟုတ် ။ သူလေးလည်း ရှက်နေတာဖြစ်မယ် ။ ဟုတ်သား ။ ရှက်နေမှာပေါ့ ။ "

လက်ထဲရှိနှင်းဆီပွင့်အား စိတ်သက်သာရာရောက်အောင်ဖြင့် မွှေးကြိုင်စေတော့သည် ။

" ကိုဘတင် ။ "

အသံကြားရာဘက်ကြည့်မိချိန်၌ ချစ်သောညိုဟာ မြတ်နိုးစရာပါတကား ။ ဘယ်သို့လုပ်ရပါ့မလဲ ။ စိတ်သက်သာအောင်ကြိုးစားထားတဲ့ ရင်ခုန်သံတွေ ဆူညံလာပြန်ပြီ ။

" ညို ။ "

" ကျွန်မကိုစောင့်ခိုင်းရလို့ အားနာပါရဲ့ ကိုဘတင် ။ "

" မဟုတ်တာ မဟုတ်တာပဲ ညိုရဲ့ ။ ထိုင် ထိုင်ပါဦး ။ "

ချယ်ရီပင်အောက်က ထိုခုံတန်းလေးပေါ်မှာ နှစ်ယောက်အတူတူ ထိုင်ဖြစ်ခဲ့ကြသည် ။

" ကိုဘတင်က ညို့မှာ အရေးကြီးကိစ္စရှိနေတယ်လို့ ထင်နေမိတာ ။ "

" ဟုတ်ကဲ့ ။ ကျွန်မအတွက်တော့ အရေးကြီးကိစ္စရှိခဲ့ပါတယ် ။ "

မြိုင်နဲ့ပတ်သက်တဲ့ကိစ္စတိုင်းဟာ ညိုလေးအတွက်တော့ အရေးကြီးကိစ္စပါပင် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now