အခန်း ၄၆

4K 399 37
                                    

မန္တလေးမြို့၏ နွေဦးဟာ အသားအရည်များ အက်ကွဲစေသည့်အထိ ပူပြင်းလွန်းသည်ဟု မြိုင် တွေးမိသည် ။ မန္တလေးတိုင်းထဲမှာ ဆိုပေမယ့်လို့ မြိုင်ဟာ အအေးပိုင်း တောင်စခန်းဒေသမှာ နေထိုင်သည်မှာ ကြာညောင်းလှပြီ ဖြစ်တာကြောင့် ထိုအပူဒါဏ်အား သည်းမခံနိုင်ပါတော့ပြီ ။

ငယ်စဉ်ကတည်းက မန္တလေးမှမွေး ၁၆ ၁၇ အရွယ် မဒန်းအရွယ်ကို ရောက်လာတော့ မေမြို့သို့ တက်ခဲ့ရသည် ။ ထိုအချိန်ကစပြီး မန္တလေးကို မဆင်းဖြစ်ခဲ့သည်မှာ ယနေ့မတိုင်ခင်အထိပါပဲ ။

" ပူအိုက်နေလိုက်တာ ဒေါ်နုရယ် ။ မြိုင့် အသားတွေ လောင်ကုန်ပြီ ထင်ရဲ့ ။ ကြည့်ဦး ။ "

ရွှေမျက်မှန်ကြီးတို့ အိမ်အရှေ့ရောက်သည်နှင့် ကားပေါ်မှအဆင်းပြုကာ ပြောလိုက်ခြင်း ဖြစ်သည် ။ ဒေါ်ဒေါ်နုကတော့ ကားအနောက်ဖုံးမှ အထုတ်အပိုးများအား တစ်ယောက်တည်း အချပြုနေရသည်ကြောင့် မြိုင့်အား ပြန်ပြောနိုင်ခြင်း မရှိခဲ့သေးပါ ။

ကားဆရာအား အခကြေးငွေ ပေးလိုက်ပေမယ့်လို့ ထိုယောက်ျားရဲ့ မျက်ဝန်းအကြည့်များဟာ ကြောက်စရာကောင်းလောက်အောင် ရွံစရာကောင်းနေပြန်သည် ။

မုန်းစရာကောင်းလောက်တဲ့ ယောက်ျားတွေ ။

မြိုင့်၏ အိုးကြီးခွက်ကြီး လှပမှုကြီးကို သရေတမျှမျှ ဖြစ်နေတဲ့ ထိုမျက်ဝန်းနဲ့ မျက်နှာကို ထပ်မတွေ့ချင်တော့သည်ကြောင့် ဒေါ်နုအနားသို့ အမြန်သွားကာဖြင့် အထုတ်များ ကူချပေးနေတော့သည် ။

ပြီးနောက် ကားသည်လည်း အဝေးတစ်နေရာသို့ မောင်းထွက်သွားသည်မှ မြိုင် သက်ပြင်းချနိုင်တော့သည် ။

ခြံတံခါးမှာ ချိတ်ဆွဲထားသည့် လူခေါ်ခေါင်းလောင်းအား မြိုင်ဟာ အတီးခေါ်လိုက်သည် ။ ခြံဝန်းထဲမှာလည်း တိတ်ဆိတ်ငြိမ်သက်လှသလို အိမ်တော်ထဲမှာလည်း တိတ်ဆိတ်လှပါပေသည် ။

ထိုအချိန် မာလီကုလားလေးတစ်ယောက်ဟာ အဖြူရောင်ဝတ်စုံ အဖြူရောင်ခေါင်းပေါင်းနှင့် ခြံတံခါးအနားသို့ အပြေးလာပေတော့သည် ။

" ဟယ်ယို ။ မမကြီး ။ ဘာ ဂိတ်စ ရှိယို့လဲ ဗျ ။ "

" ဒီက ရွှေမျက်မှန်ကြီးနဲ့ တွေ့ချင်လို့ပါ ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now