အခန်း ၃၃

4.6K 459 60
                                    

မေမြို့၏ ဆောင်းရာသီအား ပူပြင်းသော နေမင်းမှာ ထိုးမဖောက်နိုင်ခဲ့ ။ ပန်းကမ္ဘာမျှော်စင် တောင်စခန်းတစ်ခုဖြစ်သော မေမြို့ရဲ့ ချမ်းအေးမှု ညအခါမှာဆို အသည်းခိုက်အောင် တုန်လှသည် ။ မီးလှုံရသည် ။

ယနေ့ နေ့လယ်မှာတော့ မြိုင် နှင့် ညိုလေးတို့ဟာ Hotel ရှိ Restaurant မှာ CocaCola သောက်လျက် ရှိသည် ။

ကိုလာပုလင်းကို စက္ကူပိုက်တပ်ပြီး အရသာရှိရှိသောက်နေသော သိုးပေါက်လေးကို မေးလေးထောက်ကာ မျက်တောင်မခတ်ဘဲ တစိမ့်စိမ့်ကြည့်နေမိသည့် မြိုင် ။

မြိုင့်ရဲ့အကြည့်တွေမှာ ပန်းပွင့်တွေများ ပါဝင်နေသလား ။ သို့မဟုတ် ။ ပျားပုတုံးတွေများ ပျံဝဲနေသလား ။ ဘာကြောင့်များ နှိုင်းယှဉ်မှု မရှိနိုင်သည်အထိ ချိုမြိန်နေရပါသနည်း ။

" အို မမမြိုင် ။ ဒီလို ယောက်ျားတွေ ကြည့်သလိုမျိုး ကြည့်နေတော့ ။ ကျွန်မဖြင့် ရှက်လာပြီရှင် ။ "

" ကိုယ့်ချစ်သူလေးကို ကြည့်တာ ဘယ်လိုကြည့်ကြည့်ပေါ့ ။ မင်းက ဘာပြုလို့ ရှက်နေရသလဲ ။ "

" ကိုယ့်မျက်လုံးတွေကိုလည်း မှန်ထဲပြန်ကြည့်ပါဦး မမမြိုင် ။ ဘယ်နှယ့် ။ ကျွန်မကို ဝါးစားတော့မယ့် နှာဘူးမျက်လုံးကြီးတွေနဲ့ ။ "

" အို ။ မင်း တော်တော်အစားခံချင်နေတဲ့ ပုံပဲ ။ "

မြိုင်ဟာ မျက်မှောက်ကျုတ်၍ ပြောလိုက်ခြင်းဖြစ်သည် ။ ညိုလေးသည်တော့ ရှက်ကိုးရှက်ကန်းဖြင့် မျက်လုံးလေး ကလည်ကလည်လုပ်ကာ CocaCola သောက်နေပြန်တော့သည် ။

သူ့ချစ်ချစ်လေးကို မျက်စောင်းထိုးလိုက်သည့် မြိုင်ဟာလည်း ကိုလာပုလင်းကို ဆွဲယူကာ ခုံကိုမှီလျက် အရသာရှိရှိ သောက်ချေပါပြီ ။

" ဒီ ကိုကို ကိုလာ ကိုလေ ။ ကျွန်မ မန္တလေးမှာ သောက်ဖူးတယ် မမမြိုင်ရဲ့ ။ "

" ဟုတ်လား ။ "

" အင်း ။ ပထမတစ်ကြိမ် သောက်တုန်းကတော့ စူးစူးလေးနဲ့ ဘာအရသာမှန်း မသိလိုက်ပါဘူး ။

အခု မမမြိုင် နဲ့ သောက်တော့မှပဲ ကိုကိုကိုလာ ဟာ ဒီအရသာမျိုးပါလား ဆိုပြီး သိသွားတာပဲ မမမြိုင်ရဲ့ ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now