အခန်း ၆

5.3K 520 31
                                    

၂ရက်မြောက်ကြာပြီး နောက်တစ်နေ့မနက် သီရိမြိုင်စံအိမ်တော်ရဲ့ ခြံဝန်းထဲက မြက်ပင်တွေကြားထဲ ကုန်းကုန်း ကုန်းကုန်းနဲ့ ဘာရှာလို့ ရှာနေမှန်းမသိတဲ့ ညိုလေးကို စံအိမ်ကြီးရဲ့ အိပ်ခန်းပြတင်းပေါက်ကတစ်ဆင့် မမမြိုင် ခိုးကြည့်နေပေတော့သည် ။

အဖြူဝမ်းဆက်လေးဝတ်ထားတဲ့ ညိုလေးဟာ သူမရဲ့ အမြင်အာရုံထဲကို တစ်မျိုးလေး ရောက်ရှိနေပြန်သည် ။

မြက်ပင်တွေကြားထဲ အစာရှာနေတဲ့ သိုးပေါက်လေး ကျနေရောပဲ ။
အို ။ သူက ဝံပုလွေမ ပါဟယ် ။
သိုးရေခြုံထားတဲ့ ဝံပုလွေမကို ဘာလို့များ အပေါ်ယံ သိုးရေကိုပဲ မြင်နေတာလဲ ။
ဟူး ။
တကယ်ပါပဲ နော် ။

တကယ်ပါပဲ ။ တကယ်ပါပဲ ။ မမမြိုင်ရဲ့ ရင်ထဲမှာ ညိုလေးကို သိုးပေါက်လေးလို့ မြင်နေမိတာ တကယ်ပါပဲ နော် ။

မမမြိုင်မှာတော့ ဟန်ဆောင်ကာ မူပိုကာဖြင့် ညိုလေးရှိရာ ခြံဝန်းထဲသို့ ဆင်းသွားပေတော့သည် ။

ညိုလေးကတော့ တကုန်းကုန်းနဲ့ ရှာနေဆဲသာ ။ ဘာရှာလို့ ရှာမှန်းလည်း မသိ ။ သေချာတာတစ်ခုကတော့ ညိုလေးရဲ့အဖိုးတန်ပစ္စည်းလေး ပျောက်နေပြီ ထင်ပါရဲ့ ။

" တစ်ကိုယ်လုံး ပေးဆပ်ပြီး ဘာတွေရှာနေသလဲ ။ "

" ဟယ် ။ မမမြိုင် ။ "

မရောက်စဖူး သူမအနားကို ရောက်လာတဲ့ မမမြိုင်ကြောင့် ညိုလေးရဲ့ရင်ထဲ လှိုင်းထန်သွားတော့သည် ။

မမမြိုင်ကတော့ လက်ကလေးပိုက်လို့ မြက်ခင်းပြင်ပေါ်က ညိုလေးကို ငုံ့ကြည့်နေ၍သာ ။ မေးလေးငေါ့ပြရင်း သူမ မေးထားတဲ့မေးခွန်းကို ပြန်ဖြေဖို့ အချက်ပြနေလေရဲ့ ။

" ဟို ။ ကျွန်မ ဘော်လီကြားထဲ ထည့်ထားတဲ့ ၅ပြားစေ့ ပျောက်သွားလို့ ။ "

" အို ။ ကြားထဲမှာ ညှပ်နေမှာပေါ့ ။ "

" ညှပ်ရအောင် ကျွန်မဟာက အဲ့သလောက်မှ မကြီးတာ ။ "

" အိုကွယ် ။
ဒီနေရာမှာ ကျပျောက်တာ သေချာတာရော ဟုတ်ရဲ့လား ။ "

" သေချာတယ်ထင်တာပဲ ။ ခုနက စံပယ်ရုံဘက်ကို ရေသွားလောင်းရင်း ဒီနေရာကို ရောက်လာသေးတယ် ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now