အခန်း ၂၉

3.5K 391 21
                                    

" ကျွန်မ ဒီယောက်ျားတွေကိုမချစ်ဘူး ။ ကျွန်မချစ်တာ မမမြိုင်ကိုပဲ ။ မမမြိုင်ကို ရူးမတက်ချစ်တယ် ။ သေလောက်အောင်ချစ်တယ် ။ ဒီရင်ဘက်တစ်ခုလုံးက အကြောင်းပြချက်မရှိလောက်တဲ့အထိကို ချစ်တယ် ။ "

ထိုစကားများကိုသာ ပြန်လည်ကြားယောင်နေသည့် မြိုင်ဟာ ထိုနေ့ညမှာအိပ်၍မရခဲ့ ။ ကုတင်ပေါ်မှာ ဟိုဘက်လှည့် သည်ဘက်လှည့်ဖြင့် ညိုလေးရဲ့ဝန်ခံချက်များဟာ နားနဲ့မခံစားနိုင်သည့်အထိ ။ ကနေ့ညရဲ့အကြောင်းအရာများကြောင့် အသက်ရှူကြပ်ရလောက်တဲ့အထိ ဖြစ်ခဲ့ရသည် ။

အတော့်ကိုမှအတင့်ရဲလှသည့် ကိုမြင့်မောင်ရဲ့အငယ်အနှောင်းဟာ မိမိအားချစ်ကြောင်းပြောဆိုခဲ့သည်ကိုလည်း မြိုင် ရှက်မိသည် ။

" ချစ်တယ် ။ မမမြိုင်ကိုချစ်တယ် ။ ကျွန်မရဲ့ယောက်ျားလို ၊ ကျွန်မရဲ့ခင်ပွန်းလို ၊ ကျွန်မအားကိုးရနိုင်မယ့်ယောက်ျားတစ်ယောက်လိုမျိုး မမမြိုင်ကိုချစ်တယ် ။ "

ကျေးဇူးပြုပြီး တို့အတွေးတွေထဲက ထွက်သွားပေးစမ်းပါကွာ ။

" တကယ်စိတ်ဒုက္ခပေးတဲ့ မိန်းမပဲ ။ ဘယ်သူ့အားကိုးနဲ့ ဒီလောက်တောင်အတင့်ရဲနိုင်ရတာလဲ ။

မင်းရဲ့အညိုရောင်အကြည့်တွေကို မုန်းလိုက်တာနော် ။ သိပ်မုန်းတာပဲ ။ "

စောင်ကိုခေါင်းမြှီးခြုံပေမယ့်လို့ အတွေးများဟာတော့ ပျောက်ကွယ်မသွားပေ ။ ယခုအချိန်မှာမြိုင်သည် ညိုလေး၏ခံစားချက်များကို ဝင်ကြည့်ပေးမည့်အစား မိမိမှာဤကဲ့သို့ရွံရှာဖွယ် ကိစ္စရပ်ကြီးနှင့်ပတ်သက်လို့ အရှက်ရနိုင်သည့် အခြေအနေရှိသည်ကိုကား စိုးရိမ်နေဟန်ရှိသည် ။

အချစ်အဆိပ်သင့်နေသည့် လူတစ်ယောက်ပါ သီရိမြိုင်စံအိမ်ကြီးထဲမှာ ရှိနေပါသည် ။ ထိုသူမှာ ညိုလေးသာဖြစ်သည် ။ အခန်းနံရံနားရှိ အပေါက်လေးနားမှာ မျက်ရည်များနှင့် ထိုင်နေသည့် ညိုလေး ။ တစ်ဖက်အခန်းရှိ မြိုင့်ကိုပါ စိုးရိမ်မှုတွေပြည့်နှက်နေတဲ့ ညိုလေး ။

" ငါ့အမှားတွေကြောင့် မုန်းသွားပြီလား ။ "

တီးတိုးစွာမေးခဲ့မိသည့် မိမိ၏မေးခွန်းအတွက် အဖြေမရှိ ။ အသည်းခိုက်အောင်တုန်ပါသည်ဆိုသော ဆောင်းရာသီတောင် သူမရဲ့အခန်းက အေးခိုက်မှုကို အနိုင်ယူနိုင်မည်မဟုတ် ။ ကျိန်းသေပေါက် လက်မြှောက်အရှုံးပေးရမည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now