ဇာတ်သိမ်းပိုင်း

7.2K 135 3
                                    

(unicode)

မွေ့ယာဘေးအား စမ်းကြည်လိုက်သော် ပူနွေးမှုမရှိဘဲ ဗလာနတ္ထိ။

" ဟင် ! ကလေးငယ် "

ကလေးငယ်မှာ နံနက်စောစောစီးစီးအနားတွင်ရှိမနေပေ။ လမ်းထိပ် ထွက်သွားလေချေပြီး။

စွယ်သော်လင်းထမင်းစားခန်းသို့ ဝင်လိုက်သည်
နှင့် လူကြီး၏မျက်နှာတည်အား ဦးဆုံးမြင်လိုက်ရသည်။ အနားတွင် အလုပ်သမတစ်ဦးတစ်ယောက်မျှမရှိစေဘဲ ပြန်လာချိန်ကို မျက်နှာတည်​ဖြင့် စောင့်နေပုံရ၏။

" နိုးပြီးလား "

"........."

" အာ...မုန့်လေးစား "

ပါးစပ်နားခွံ့လာသော ကိတ်ဖက်လေးကို တစ်လှည့် ခွံ့​ကျွေးနေသူကိုတစ်လှည့် ကြည့်ရုံသာကြည့်လိုက်ပြီး ကဖီးကိုသာ ပုံမှန်အတိုင်းဆက်သောက်နေလိုက်လျှင်

" ......."

" ဘယ်သွားတာလဲ။ အပြင်မှာ နှင်းကျနေတာကို "

" လမ်းထိပ်က ခရေပင်ဆီ "

" ပန်းသီရောင်းတဲ့ကလေးတွေကို ​ပန်းကူကောက်ပေးတာက မကောင်းဘူးလို ကိုယ်မပြောဘူး။ ဒါပေမယ့် ရာသီဥတုက စိမ့်နေတယ်လေ ကလေးငယ်။ အသက်ငယ်သူတွေက အအေးဒဏ်ကို မမူပေမယ့် ကိုယ့်ကလေးငယ်ကတော့ ဂရုစိုက်ရမယ်။ အသက်တွေလည်း မငယ်တော့ဘူး။ ခုထိပြောစကား နားမထောင်ဘူး။ ဆူလိုက်ရင်လည်း အခြားနိုင်ငံရောက်နေတဲ့သမီးဆီ လှမ်းတိုင်အုန်းမယ်။ ကလေးငယ် မင်းဟာလေး ကြာလေ ပိုပိုဆိုးလာတဲ့ အဆိုးလေးပဲ "

မဆူရက်၊ အပြစ်မမြင်ရက်စရာလေးအား စိတ်ပူစကားဆိုမိလျှင် အပြင်မှာပြန်မပြောလာသော် လည်း စိတ်ထဲတွင်တော့ ပွစိပွစိနှင့် ပြောနေမည်ပင်။ ဆူပုတ်ပုတ်နဲ့ရှိနေသော အဆိုးလေး။ သမီးတစ်ယောက်မွေးခဲ့ပြီးသည့်တိုင် ပိုဆိုးလာသူ။ သမီးနှင့်အပြိုင် သောင်းကျန်းခဲ့သည်ကို အားမရသေး။ သမီးဖြစ်သူ ကျောင်းတတ်သွားခဲ့သည် တိုင် ဆက်လက် ဆိုးနေဆဲ။ သူ့လုပ်ချင်တာဆို ဇွတ်လုပ်တတ်ပြီး ပြီးလျှင်အပြုံးချိုချိုများဖြင့် လာချွဲတိုင်း သူ့အလိုကျရနေပေးသည်ကိုသိ၍
ပိုဆိုးလာသည့်မှာ နှစ်ယောက်မရှိသော ကျွန် တော်၏ချစ်ခင်ပွန်းလေး စွယ်သော်လင်း။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now