Ep_1

22.7K 782 4
                                    

Unicode

"ခွမ်း"

ထမင်းစားခန်းကြီးထဲမှထွက်ပေါ်လာသောအသံတစ်ခု။ထို့နောက်
Chefကဒူးထောက်ချမိလျက်သား။စားဖိုခန်းထဲရှိ အကူမိန်းကလေး
တွေကအစငြိမ်သက်နေသည်။

"သခင်လေး၊ခွင့်လွှတ်ပေးပါရှင်..တကယ်မသိခဲ့လို့ပါ"

"နှုတ်ထွက်စာတင်"

"ရှင်"

Chefမိန်းကလေးမော့ကြည့်လိုက်တော့ စားပွဲခုံတန်းအရှည်ကြီးရဲ့
ထိပ်မှာခြေချိတ်ထိုင်နေတဲ့ထိုလူက မျက်နှာစိုးစဥ်းမျှပြောင်းလဲသွား
ခြင်းမရှိ။ နှုတ်ခမ်းထူထူလေးကိုသာတင်းတင်းစေ့ပိတ်ထားသည့်
နောက်ကွယ်မှာတော့မာန်အပြည့်ဖြစ်သည်။ သူ့ပုံစံကြည့်ရတာတော့
ပြောပြီးသားစကားတစ်ခွန်းကိုပြန်ပြောင်းမည့်ပုံစံမပေါ်။ ထိုစဥ် အိမ်
တော်ထိန်းကြီးဝင်လာသည်နှင့် အကုန်လုံးက ထမင်းစားခန်းကြီးထဲမှာ
ငြိမ်သက်နေကြသည်။

Chefမိန်းကလေးကတော့ငိုယိုလျက်အသံတောင်မထွက်ရဲရှာ။

ဒေါ် မြညို သက်ပြင်းခပ်ငွေ့ငွေ့ချလိုက်ပြီး...

"သခင်လေးရယ်..ဒီကလေးမက အခုမှ အလုပ်စဝင်တာမလို့မသိ
သေးလို့ပါ"

ဒေါ်မြညိုဟာ အသက်အားဖြင့်၅၀နီးပါးရှိပေမယ့် ခန္ဓာကိုယ်ထွား
ထွားကျိုင်းကျိုင်းရှိပြီး ရုပ်ရည်ကတော့ ကျက်သရေရှိကာဒီစံအိမ်
တော်ကြီးမှာ အမှုထမ်းလာတာ နှစ်ပေါင်း၂၀ရှိတော့မည်။အိမ်တော်
ထိန်းကြီးပီပီ ဒီစံအိမ်မှာရှိတဲ့အလုပ်မှန်သမျှကို ဦးဆောင်ညွှန်ကြားရ
သူတစ်ယောက်လဲဖြစ်သည်။ စံအိမ်တစ်ခုလုံးမှာအလုပ်သမားဆို
တာရာနှင့်ချီရှိပေမယ့်အချိုးမပြေသည့်လူဆို အလုပ်ဖြုတ်ခံရသည်
အထိဖြစ်သွားနိုင်တာမလို့ တော်ရုံလူဆို ဒီစံအိမ်မှာ ချောင်းတောင်
ကျယ်ကျယ်မဆိုးရဲ။

ငိုယိုနေတဲ့Chefကို ကြည့်ပြီး ဒေါ်မြညို မျက်နှာမကောင်း။စံအိမ်
သခင်လေးကလဲ စကားကိုနှစ်ခါမပြောတတ်သူဆိုတော့လဲခက်တာပဲ။

"Chefအသစ်တစ်ယောက်ထပ်ခေါ်လိုက်"

သူ့ရဲ့တည်ကြည်အေးစက်သောအသံကပြတ်သားလွန်းသည်။စံအိမ်
အတွက်အလုပ်သမားအသစ်တွေခေါ်တုန်းက ဒီစံအိမ်မှာနေရင်လိုက်
နာရမည့်စည်းကမ်းတွေကို သေသေချာချာပြောပြထား၏။သို့ပေမဲ့
ဒီကလေးမက မေ့သွားသည်ထင်ရသည်။ သခင်လေးလို ပုဇွန်နဲ့ဓာတ်
မတည့်တဲ့လူကို ပြင်ဆင်ပေးတဲ့ အစားအစာထဲမှာမှ ပုဇွန်ထည့်ပေး
လိုက်မိလေခြင်း။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now