Ep_9

5.8K 324 5
                                    

Unicode

Order အပ်ထားသည့် wedding dressအတွက် အလုပ်ခန်း
ထဲမှာ Design ဆွဲရင်း အချိန်ကုန်မှန်းမသိဖြစ်နေသည်။ order
အပ်ထားတဲ့သတို့သမီးမှ ရိုးရာဝတ်စုံကလေးကိုပဲ ရိုးရိုးရှင်းရှင်း
လိုချင်သည်ဟုပြောသောကြောင့်။wedding dressကို ထိုင်
မသိမ်းနှင့် ရင်ခံကိုပဲ ဆွဲနေ၏။

စိမ်းပြာရောင် ချိတ်အဆင်မှာမှ အင်္ကျီကို ခါးတိုလေးနှင့် စိမ်းပြာ
ရောင်ဇာ အပါးသားလေးတွဲဖက်ထားပြီး ပဝါစကိုတော့ ပုခုံးတစ်ဖက်
အပေါ်ကနေဆွဲထားပြီး အနားစလေးတွေမှာ စီးကွင့်လေးတွေထိုး
ထား၏။ဖိနပ်ကလေးကိုတော့ အဖြူရောင်ကြိုးသိုင်း 2လက်မဒေါက်
မြင့်ကိုသာ ရေးဆွဲထားသည်။

ခန့်ဆက်designဆွဲနေတုန်းမှာပဲ နေရောင်က အလုပ်ခန်းရောက်လာ
လေသည်။ နေရောင်ကရေးဆွဲနေတဲ့ ဒီဇိုင်းပုံကို သေချာကြည့်နေ
လိုက်ပြီးမှ....

"ဆွဲလို့ပြီးတော့မှာလား"

"ခင်ဗျာ!နည်းနည်းတော့လိုသေးတယ်boss၊ ပုံမှာ အဝတ်အစားနဲ့
လိုက်ဖက်မယ့် ရတနာလေးတွေထည့်ပေးရအုံးမယ်၊ ပြီးတော့
သတို့သားအတွက် တိုက်ပုံနဲ့ ပုဆိုးမှာ colorလေးတွေခြယ်ဖို့တော့
လိုသေးတယ်"

"မင်းအခု အဲ့ဒီပုံဆွဲတာ ခဏထားခဲ့ပြီး အစ်ကိုနဲ့ တစ်နေရာသွားရ
မယ်"

"ဘယ်ကိုလဲ"

ခန့်ဆက်ကမော့ကြည့်သည်။ နေရောင်က လက်ဆွဲပြီး ထိုင်နေတဲ့
အလုပ်စားပွဲမှ ဆွဲထူလိုက်ကာ...

"စံအိမ်!မနေ့က ခမ်းနဲ့ မင်းရဲ့ညီလေး hotelမှာ အကြမ်းဖက်ခံရ
တယ်"

"ခင် ဗျာ"

ခန့်ဆက်မျက်လုံးပြူးကာ ကိုင်ထားတဲ့color penကြီး ပြုတ်ကျ
သွားလေသည်။ ထို့နောက်စားပွဲမှ အမြန်ထွက်ပြီး နေရောင်၏နောက်
သို့လိုက်ပါသွားသည်။ ကားမောင်းရင်း နေရောင်ဘေးကိုတစ်ချက်
လှည့်ကြည့်လိုက်တော့ ခန့်ဆက်က လက်နှစ်ဖက်ကိုစုကိုင်ထားပြီး
တစ်ခုခုကိုတွေးတောနေသလိုပင်။

"ဘာတွေ တွေးနေတာလဲ"

"သြော်..ဘာမှမဟုတ်ပါဘူးboss၊ ဘုန်းဆက်အဆင်ပြေရဲ့လားလို့"

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now