Ep_27

5.2K 245 5
                                    

Unicode

ဖြစ်ပြီးစကတည်းကဆရာဝန်ကြီးတွေညွှန်ကြားသလို ပိုမဆိုးအောင်
စိတ်ဒုန်းဒုန်းချကုသရန် နှင့် အခြားရောဂါပိုးမဝင်အောင် ကာကွယ်
ခြင်းတွေ အသက်ရှုခြင်း ၊အာဟာရပေးခြင်းနဲ့ ဆီးမစင်စွန့်ဖို့ရာအ
တွက်male nurse သီးသန့်ခေါ်ထားရသည်။ male nurse
က အရေပြားမှာ အိပ်ရာနာ မဖြစ်အောင် ဟိုဘက်ဒီဘက်လှည့်ပေးရသေးသည်။ ထို့အတူ မလှုပ်ရှားနိုင်သော ခြေတံကိုလဲ ကာယကုသမှု
ဖြင့် မသေသေးသော ကြွက်သားများကိုလဲ ပုံမှန်လှုပ်ရှားနိုင်အောင်
အနားမှာ အရိပ်တကြည့်ကြည့်ဖြင့် စောင့်ရှောက်မှုကြောင့် တစ်နှစ်တာကာလအတွင်း အတော်တိုးတက်လာ၏။

အကြောသေနေသည့်ခြေထောက်အား ကြိုးအကူအညီယူ၍လက်
ဖြင့်ဆွဲမကာ တွဲလျောင်းချသည့်လေ့ကျင့်ခန်း၊ ခြင်းလုံးခတ်လေ့ကျင့်ခန်းတို့ကိုအားရင်အားသလို ပြုလုပ်ဖို့ အပ်စိုက်ဆရာဝန်ကြီးက ညွှန်ကြားထား၏။တစ်ချို့ဆိုလျှင် အခြေအနေပေါ်မူတည်၍ အချိန်ပိုင်းလောက်ဖြစ်ပြီး ပြန်ပျောက်သွားတာမျိုးရှိသလို ဘယ်တော့မှပြန်
မကောင်းနိုင်တာမျိုးလဲရှိတယ်လို့ဆရာဝန်ကြီးကပြောပါသေးသည်။

သို့ပေမဲ့ ညွှန်ကြားသည့်အတိုင်းသေသေချာချာ လိုက်နာမည်ဆိုလျှင်တစ်ချိန်ချိန်မှာတော့ ပြန်ကောင်းလာနိုင်ဖွယ်ရှိသည်ဟုတိုင်းယုံကြည်သည်။ ဆရာဝန်ကြီး၏ အပ်စိုက်ကုသမှုရောmale nurse ကလဲဝါရင့်ဖြစ်တာကြောင့် တိုင်း၏ခြေထောက်တွေဟာ တစ်နှစ်အတွင်းအနည်းငယ်လှုပ်ရှားလိူ့ရနေပြီဖြစ်သည်။ဒါပေမဲ့ ဝှီးချဲကတော့လိုအပ်နေတုန်းပါပဲ။

စိတ်ဓာတ်ပိုင်းဆိုင်ရာကအစ ကိုယ်တိုင်ပြုပြင်တည်ဆောက် ယူရပြီး
အနားပေးချိန်မရှိအောင် လေ့ကျင့်ခန်းပဲ တစိုက်မတ်မတ်လုပ်ခဲ့ရ၏။တိုင်းဝှီးချဲပေါ်ထိုင်နေရင်း aircon လေအေးစိမ့်စိမ့်ဖြစ်လာတော့ကိုယ်တိုင်ပဲဘီးတွန်း၍ စာအုပ်စင်ပေါ်တင်ထားသည့် remote
လှမ်းယူစဥ် မမှီပဲအရှိန်လွန်၍ 'ဝုန်း'ခနဲ လဲကျသွားလျှင် လက်ကပွန်းပဲ့သွားသည့်ဒဏ်ကြောင့်ဒေါသက ငယ်ထိပ်တက်လာ၏။

"တောက်!"

"ဗြန်း!ဗြန်း!"

ဝှီးချဲကြီးအား ဗြန်းခနဲပြန်ဆွဲမလိုက်ပြီး အနည်းငယ်လှုပ်ရှားလို့ရနေသောခြေထောက်တို့ဖြင့် ယိုင်နဲ့နဲ့ထ၍ပြန်ထိုင်မည်အပြု ပြုတ်ကျလာသောi phoneအား အကြည့်ရောက်သွားလျှင်ကောက်ယူ၍ဝရံတာ
ဘက်ထွက်ကာအပြင်ရောက်မှ တိုက်ခက်နေသောလေအေး၏ ဒဏ်ကို
မခံစားနိုင်၍ခြုံထည်လေးကိုကျကျနနပြန်ခြုံပြီးနောက် ဖုန်းကိုဖွင့်
ကြည့်၏။ appတွေတစ်ခုပြီးတစ်ခုfileတွေတစ်ခုပြီးတစ်ခုပြန်
ကြည့်ရင်းphoto albumကိုနှိပ်မိလျှင်ထွက်ပေါ်လာသောဓာတ်
ပုံတစ်ပုံက တိုင်း၏အာရုံတွေကို ဖမ်းယူလိုက်၏။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now