Ep_13

5.1K 287 1
                                    

Unicode

မိုးခြိမ်းသံနဲ့တွေတအုန်းအုန်းရွာသွန်းဖြိုးပြီး အာရုံတက်ချိန်ရောက်မှ
မိုးသက်လေညှင်းကတိုးဝှေ့တိုက်ခက်သွားကာ လေနဲ့အတူ မိုးသားတိမ်တိုက်တို့ပါမျောပါသွားသလားမသိချေ။ နံနက်ခင်းရောင်ခြည်
ထွက်စမှာမိုးဖွဲလေးတွေသာခပ်စိပ်စိပ်ကျနေပြီး စိမ်းစိုနေသော သစ်ရွက်လေးတွေပေါ်မှာ ရေစက်ကလေးတွေတင်နေလေသည်။

တိုင်းမျက်ဝန်းတွေပွင့်လာတော့ ဘုန်းဆက်ကကုတင်ဘေးမှာ ငုတ်တုပ်အနေအထားဖြင့်ထိုင်နေပြီး မျက်နှာကိုတော့ ကုတင်အစွန်းကိုမှောက်အပ်ထားကအိပ်ပျော်နေသလားမသိ။အကြည့်တို့ကလက်ချောင်းတွေဆီရောက်သွားပြန်တော့ ဘုန်းဆက်ကတိုင်း၏လက်ဖဝါးကိုဆုပ်ကိုင်ထားပြီး ထွက်သွက်ငွေ့ငွေ့လေးက လက်ချောင်းတွေကို
ရိုက်ခက်နေ၏။ တိုင်းရင်ထဲ လှိုင်းလုံးလေးတွေပုတ်ခက်သွားသလိုခံစားရကာ ဘုန်းဆက်၏ဆံသားတွေထဲ လက်ချောင်းထိုးဖွလိုက်စဉ်

"သြော်...တိုင်းနိုးနေပြီလား"

"အဟွန်း...အဟွန်း"

လှုပ်လှုပ်ရှားရှားဖြစ်လာပြီး လေသံခပ်တိုးတိုးကြောင့် ဆုပ်ကိုင်ထားသည့်လက်ကို ဖယ်ချလိုက်ပြီး မျက်မှန်ကမန်းကတမ်းကောက်တက်ကာ မတ်တပ်ထရပ်လိုက်လေသည်။ပြီးတော့နာရီတစ်ချက်ကြည့်
လိူက်ပြီး အခြောက်ခံထားသည့် အညိုရောင်ကုပ်အင်္ကျီကို ဆွဲယူသည်။

"လေလံကနေ့လည်လောက်စမှာ ငါတို့ပြန်ရအောင်"

အောက်ဆင်းဖို့ခြေလှမ်းလိုက်သည်နှင့် ဘုန်းဆက် အမြန်ထရပ်လိုက်ပြီး တိုင်း၏လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်၏၊ပြီးတော့

"တိုင်း!ကျွန်တော့်ကိုအဖြေပြန်ပေးအုံးလေ"

"ဘာအဖြေလဲ"

"ကျွန်တော့်နှလုံးသားကိုလက်ခံခွင့်ပြုဖို့အတွက်"

တိုင်းနောက်ပြန်လှည့်ကာ မော့ကြည့်၏။

"ငါမင်းရဲ့အချစ်ကိုလက်ခံတယ်၊အသိအမှတ်ပြုတယ်၊ဒါပေမယ့်ဒီ
လိုလက်ခံတိုင်း ငါမင်းကိုချစ်တယ်လို့ဆိုလိုသေးတာမဟုတ်ဘူးနော်"

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now