Ep_3

8.1K 460 5
                                    

Unicode

လေဆိပ်ထဲ ခြေချလိုက်ရင်း ပတ်ဝန်းကျင်မှ တိုက်ခတ်သွားသောလေ
အေးအေးလေးကို ရှူသွင်းလိုက်သည်နှင့် စိတ်ရွှင်လန်းပြီး မွေးရပ်မြေ
၏ အငွေ့အသက်ဟာ ဘယ်အရာနှင့်မှအနှိုင်းမရချေ။အမိမြေ နဲ့ ခွဲခွာ
ရသည်မှာ ၁၁နှစ်ရှိခဲ့ပြီ။ ခန့်ဆက်လေဆိပ်ထဲမှာ PassPort
Check လုပ်နေစဥ်မှာပဲ ဖုန်းဝင်လာသည်နှင့် ဖုန်းကိုထုတ်ကြည့်
လိုက်တော့ ဦးမင်းထည်ဝါဆီကပင်။

USရောက်ကတည်းက ခန့်ဆက်နှင့် ဦးမင်းထည်ဝါအဆက်အသွယ်
မပြတ်တော့ရှိခဲ့သည်။ သို့ပေမယ့် ခန့်ဆက်က ကောလိပ် ဆက်တတ်
နေရတာကြောင့် US မှာပဲကျန်ခဲ့ရကာ ဘုန်းဆက်ကတော့ ကောလိပ်
မတက်ပဲမြန်မာကိုစောစောပြန်နှင့်ခဲ့ခြင်းဖြစ်သည်။ခန့်ဆက်လဲ ကော
လိပ်ပြီးသည်နှင့် တတ်မြောက်ထားသည့်ပညာလေးနှင့် အမိမြေမှာပဲ
အလုပ်'လုပ်ရင်း ခြေချချင်သောကြောင့်ပြန်လာခဲ့ခြင်းပင်။

ခန့်ဆက်ဖုန်းကိုင်လိုက်သည်နှင့်

"မှုး!မင်းပြန်ရောက်လာပြီဆို"

"ဟုတ်တယ် ဦး!အန်တီနန်းရော နေကောင်းလားဗျ"

"အင်း!ကောင်းပါတယ်"

ခန့်ဆက်ပင့်သက်ငွေ့ငွေ့ရှိုက်ရင်း လေဆိပ်ထဲသွားလာနေသောလေ
ယာဥ်မောင်မယ်တွေကို လိုက်ကြည့်နေ၏။ပြီးမှ....

"ဘုန်းဆက် ကRoyal Palaceရောက်နေတယ်ဆို၊ ကျွန်တော်နဲ့
အဆက်အသွယ် သိပ်မရှိတော့ ဦးတို့ကိုတောင်အားနာရပြီ"

"မဟုတ်တာ၊မှုးလဲ ဟိုတယ်မှာ လုပ်ချင်လုပ်လိူ့ရပါတယ်"

"ကျွန်တော်ကအပြင်မှာပဲလုပ်မှာပါ.. ဒါပေမယ့် တစ်ခုတော့ အကူညီ
တောင်းပါတယ်၊ ကျွန်တော့်ညီလေးကိုတော့ ဂရုစိုက်ပေးပါ။သြော်...
ကိုခမ်းရော နေကောင်းတယ်မလား"

"အင်းကောင်းတယ်၊ မင်းတကယ်ဗီလာ မှာလာမနေတော့ဘူးပေါ့"

"ဟုတ်"

ဖုန်းထဲမှ ဦးမင်းထည်ဝါ လေသံတစ်ခဏပျောက်သွားသည်။ သူတို့
မိသားစု ကိုယ့်တွေအပေါ်ကောင်းတယ်ဆိုတာ နားလည်ပါသည်။
သို့ပေမဲ့ ခန့်ဆက်ကတော့ ဒီလိုလူတွေဆီမှာ ကျေးဇူးကြွေးတင်ပြီး
တော့ မနေနိုင်။ ဘုန်းဆက်ကိုလဲ နားမလည်၊ သူ ကောလိပ်တက်နေ
တုန်း အဆက်အသွယ်ဖြတ်ပြီး မြန်မာကိုပြန်သွားသည်တဲ့။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now