Ep_26

5.2K 249 2
                                    

Unicode

"အခြေအနေဘယ်လိုလဲခမ်း"

နေရောင်က တိုင်းအောက်တစ်ပိုင်းသေပြီးနောက် စံအိမ်သို့ခဏခဏ
လာကာ သတင်းမေးတတ်၏။သို့ပေမဲ့ ခန့်ဆက်မပါလာသလို။
ဘုန်းဆက်လိုပင် သတင်းတောင်လာမမေးခဲ့ပေ။ သူ့စိတ်ထဲ မုန်းချင်လဲမုန်းဖို့ထိုက်တန်ပါတယ်...။တိုင်းကိုယ်တိုင်လဲ ခန့်ဆက်မလာတာကိုပို၍ပင်သဘောကျမိနေသလားမသိချေ။ အကြောင်းမှာတော့ခန့်ဆက်ကိုမြင်လိုက်ရ'ရင် နေရင်းထိုင်ရင်းဘုန်းဆက်အားသတိရနေအုံးမည်။

တိုင်းပေါင်ပေါ်မှ ခြုံထည်လေးကိုဖိဆုပ်လိုက်ပြီး မျက်မှန်ပင့်၍...

"လိုအပ်ရင် တိုင်းရင်းဆေးဆရာကြီးတွေနဲ့ပြဖို့စီစဥ်ရမှာပေါ့"

နေရောင်မျက်နှာမကောင်း။ ဖြစ်နိုင်လျှင်..သူငယ်ချင်းဖြစ်သူကို
အမြန်ဆုံးသက်သာပျောက်ကင်းစေချင်ပါသည်။ထို့ကြောင့် သူလက်
လှမ်းမှီတဲ့ ဆရာဝန်ကြီးတွေ၊ ဆေးဆရာကြီးတွေနှင့်လည်း ချိတ်ဆက်ပေးတာမျိုးရှိသည်။သို့ပေမဲ့ အကုန်လုံးက ခေါင်းခါပြီးလက်လျှော့သွားကြတာပါပဲ။ ထို့အတူဒေါ်ခင်သဇင်ကလဲ လိုအပ်လျှင် လိုအပ်သလို အစားအသောက်လေးတွေကိုယ်တိုင်ကိုယ်ကျလုပ်ပေးတာမျိုးရှိသေးသည်။

မျက်မှောင်ကုတ်ပြီး တိုင်းကိုကြည့်တော့လူသေကောင်ကို မလှုပ်မယှက်နှင့် ခြံထဲရှိခြောက်သွေ့နေသော သစ်ပင်ကြီးတွေကိုသာငေးကြည့်နေသည်။ ဖီးနစ်ကလဲ ချက်ချင်းရောက်လာပြီး နေရောင်ကိုတစ်ချက်မော့ကြည့်၍ အမြီးလေးယမ်းကာ တိုင်း၏ ပေါင်ပေါ်တက်ဖို့ဟန်ပြင်လျှင်...

"ဟေ့ကောင်!နေမကောင်းတဲ့လူပေါ်ဘာလို့တက်မှာ ဒီဘက်လာလှဲ"

ကြားဖြတ်ပြောတော့ ဖီးနစ် တစ်ချက်ထိုးဟောင်ပြီး ဖင်ပေးထိုင်ကာ
မကြိုက်ဘူးဟူသည့်သဘော...။ဒီအကျင့်ဟာ ဖီးနစ်၏ချစ်စရာ
ကောင်းသောအကျင့်ဖြစ်ပေမည်။ အရွယ်က ထွားထွားလာသလို
သူ့ခန္ဓာကြီးနဲ့ တိုင်းအပေါ်တက်ထိုင်ရင် ဟိုကဘယ်ခံနိုင်လိမ့်မတုန်း။ ဖင်ပေးထိုင်နေပုံက တိုင်းသာလျှင်သူ့သခင်မလို့ သူ့သခင်စကားပဲ
လက်ခံမည်ဆိုတဲ့သဘော။ ဒီကောင် ကလေးလေး သာဖြစ်မယ်ဆိုလျှင် အတတ်ကလေးမို့လွယ်မှာမဟုတ်ချေ။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now