Extra 2

9.4K 282 16
                                    

Unicode

နားထဲတိုးဝင်လာသော အသံသဲ့သဲ့လေးကြောင့် တိုင်းမျက်ဝန်းတွေပွင့်ဟလာသည်။ထို့နောက် မျက်မှောင်ကြုတ်ပြီး ထထိုင်ကာ ဘေးဘီကို
ကြည့်တော့ ပုခက်ထဲမှသားက တအင့်အင့်အသံထွက်ကာ ဝက်ဝံရုပ်ကိုဆော့ကစားနေ၏။စားပွဲတင်နာရီကြည့်တော့ မနက်အာရုံတက်စအချိန်ပဲရှိသေးသည်။ နောက်ပြန်လှည့်လျှင် ဘုန်းဆက်က ကုပ်ကုပ်လေးအိပ်ပျော်နေကာ တုပ်တုပ်မျှမလှုပ်သလို သား၏အသံကိုလဲကြားမိပုံမရချေ။ ဒီလိုအချိန်ရောက်လျှင် သားကအမြဲတမ်းစောနိုးလေ့ရှိသည်။

တစ်ခုကောင်းသည်က နိုးတာနှင့်အအိပ်ပျက်အောင် အော်ငိုတာမျိုးမဟုတ်ပဲ၊ ငြိမ်သက်၍ပုခက်ထဲရှိတဲ့ ဘဲရုပ်၊ဝက်ဝံရုပ်လေးတွေကိုသာဆော့ကစားနေတတ်သည်။ထို့ကြောင့် ပုခက်ဆီသွားကာ သားကိုကောက်ချီပွေ့၍ပါးစပ်မှထွက်နေသော အမြှုပ်လေးတွေကို ပဝါဖြင့်
ခပ်ဖွဖွဖိသုတ်ပေးလိုက်သည်။ ထိူ့နောက် ပုခက်ထဲပြန်ထည့်ကာတစ်
ချက်နှစ်ချက်လွှဲပေးပြီးနောက် စားဖိုခန်းဆီသို့ နို့မှုန့်ဖျော်ရန်ထွက်လာခဲ့၏။

စားဖိုခန်းဆီရောက်လျှင် ရေခဲသေတ္တာထဲမှ အသင့်ဖျော်ထားသောဘူးကို ဘေစင်ထဲသို့လောင်းချလိုက်ပြီး ဘူးအသစ်ထုတ်ကာရေနွေးနွေး
ဖြင့်ပြန်ဖျော်သည်။ ထို့အတူ နို့ဘူးအား အပူပြင်းမပြင်းစမ်းကြည့်နေရင်းမျက်မှောင်ကုတ်မိ၏။ တစ်ခါမှနို့ဘူးမဖျော်ဘူးတော့ အပူချိန်ဘယ်လောက်ဖြင့်ဖျော်ရမလဲ သူမသိပေ။ နေ့လည်အချိန်တွေဆိုရင်
သားအား နာနီနဲ့ပဲထားလေ့ရှိပြီး သား၏ဝေယျာဝစ္စတွေကိုတော့
ဒေါ်မြညိုကလုပ်ပေးလေ့ရှိသည်။အခုချိန်မှာတော့ မိုးမလင်းသေးတာကြောင့်နာနီလဲမရှိသလို ဒေါ်မြညိုလဲအိပ်နေလောက်မည်။ ထို့ကြောင့် ပူပြင်းနေသောနို့ဘူးအား ထပ်စမ်းကြည့်ပြီး ဘေစင်ထဲသို့ထပ်လောင်းချလိုက်ပြန်သည်။

ထိုစဥ်...

"သခင်လေး၊ဗိုက်ဆာလို့လား"

"ဒုတ်..!ဂလွမ်..."

"အာ့"

နောက်မှအသံကြောင့် နို့ဘူးလောင်းချရင်းလန့်ဖြန့်၍ ဘူးလွတ်ကျကာ
လက်ကိုအပူစင်သွား၏။ ဘေစင်ထဲရှိ ဖျော်ပြီးသားနို့မှုန့်တွေကိုမြင်၍
ဒေါ်မြညို မျက်လုံးမျက်စံပြူးသွားရသည်။ ဘေစင်တစ်ခုလုံးနို့မှုန့်
တွေဖြင့်ပေပွနေကာ ရေနွေးအိုးကြီးကလဲ gasမီးဖိုပေါ်တွင်တန်းလန်း
ကြီးဖြစ်သည်။ဒါတွေအကုန်လုံး မလုပ်တတ်လုပ်တတ်နဲ့တစ်ယောက်
တည်းလျှောက်လုပ်ထားတာလား။တွေးရင်း ဒေါ်မြညိုgasမီးဖိုပေါ်မှ
ရေနွေးအိုးအားအရင်ချသည်။ ပြီးတော့ ဘေစင်ရေပိုက်ဖွင့်၍ဆပ်ပြာ
ဖြင့်ပွတ်တိုက်ကာ...

You've reached the end of published parts.

⏰ Last updated: Jun 08, 2022 ⏰

Add this story to your Library to get notified about new parts!

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now