EP_11

5.2K 290 4
                                    

Unicode

အစည်းအဝေးခန်းမထဲဝင်လာလိုက်သည်နှင့် ရှယ်ယာရှင်နှင့်ဘုတ်
အဖွဲ့အဝင်တွေက ဂငယ်ပုံဏ္ဍာန် စားပွဲရှည်မှာထိုင်နေကာ စာရွက်
စာတမ်းများကို စစ်ဆေးနေကြ၏။ တိုင်းလဲ စားပွဲ၏ခလယ်တည့်
တည့်ညာဘက်ဘေးလွတ်တဲ့တစ်နေရာမှာ ဝင်ထိုင်လိုက်ပြီး မကြာခင် ဦးမင်းထည်ဝါ ကပါရောက်ချလာလေသည်။

အစည်းအဝေးစသည်နှင့်တပြိုင်နက် projector screen
မှာ အသစ်ဆောက်မည့် ဟိုတယ်အတွက် ပုံကြမ်းတွေ တက်လာသည်။မန်နေဂျာက presentationအသေးစိတ်ကို ရှင်းပြကာ အကုန်လုံးက စာရွက်စာတမ်းကိုယ်စီ ကြည့်လိုက်၊ screenကြည့်လိုက်ဖြစ်သည်။

ထိုစဥ် ဦးမင်းထည်ဝါ မှ...

"အခုဟိုတယ်က ကုန်းပြင်မြင့်ပေါ်မှာဆိုတော့ ဟိုတယ်ပုံကြမ်းကိုသိပ်
သဘောမကျဘူး"

"ကျွန်တော်တို့စိတ်ကူးအရတော့ မြေအနေအထားနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ရဲတိုက်ပုံစံလေးကိုသဘောကျမိပါရဲ့ဗျာ..."

"တောင်ကုန်းဖြစ်နေတဲ့အတွက် ရှုခင်းတွေကိုလဲ မြင်ရသလို၊ နယ်ဖြစ်တော့ ရဲတိုက်ပုံစံလေးဆို ခမ်းနားလောက်မလား"

"မြို့နဲ့တော့ နည်းနည်းအလှမ်းဝေးတယ်နော်..."

"သေချာကြည့်ဖို့တော့လိုအပ်မယ်ထင်တယ်..."

ရှယ်ယာရှင်တွေရဲ့ တစ်ယောက်တစ်ပေါက်စကားတွေကို ဦးမင်းထည်ဝါ ခေါင်းငြိမ့်နားထောင်ရင်း screenကိုသေချာကြည့်နေသည်။ပြီးမှ...

"တိုင်းခမ်းအာဏာ ကရော ဘယ်လိုထင်လဲ"

တိုင်းမျက်မှန်ပင့်တင်လိုက်သည်။screenကိုလဲ ကြည့်ရင်း ပြထားတဲ့ အသေးစိတ်အချက်အလက်တွေကိုလဲ ကြည့်ရင်း

"ဒီမြေက အခုရောင်းမယ့်မြေနေရာလား"

"ဟုတ်ပါတယ်၊ဒါပေမယ့် အခု မြေကိုတစ်ခြားဟိုတယ်တွေက ဝယ်ချင်နေတော့ အစိုးရဘက်က လေလံဆွဲဖို့ပြင်ဆင်နေတယ်လို့ပြောပါတယ်"

မန်နေဂျာကဖြေလိုက်ခြင်းပင်။ရှယ်ယာရှင်တွေကလဲ အံ့သြ သလိုဖြစ်သွားကာ အချင်းချင်းတိုးတိုးပြောကြ၏၊

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now