Ep_5

6.9K 370 4
                                    

Unicode

ဝန်ထမ်းတွေရဲ့ အိပ်ဆောင်ဆီလာခဲ့လိုက်တော့ အဆောင်စင်္ကြံလမ်းရှိ
ဝန်ထမ်းတွေက မျက်လုံးပြူးမျက်စံပြူးနှင့်ကြည့်နေကြတာဖြစ်၏။
သခင်လေးကိုယ်တိုင် ဒီကိုလာတာတဲ့။ ဘာကိစ္စလဲ။ဒီကဘယ်ဝန်ထမ်း
ဆီလာတာလဲ ။ တိုင်းကိုယ်တိုင် ဝန်ထမ်းအဆောင်လာတယ်ဆိုတာ
မရှိသလောက်ရှားတာမို့အကုန်လုံးက စပ်စုချင်စိတ်အပြည့်ဖြင့်တိုင်းအနောက်ကနေ ခပ်ကုပ်ကုပ်လိုက်လာသည်။ တိုင်းကလဲ သိပါ၏၊

ထို့နောက်ခြေစုံရပ်လိုက်ပြီး နောက်ပြန်လှည့်ကာ....

"အိပ်ချိန်ရောက်နေပြီ မင်းတို့တွေက အခန်းထဲမဝင်သေးပဲ ကော်ရစ်
တာမှာဘာထွက်လုပ်နေတာလဲ"

"ဟို!ကျွန်တော်တို့ အခုပဲ အခန်းထဲဝင်တော့မလို့ပါ၊ သခင်လေး
ဘယ်သူ့ဆီလာတာလဲဟင်"

"စည်းကမ်းချက်မေ့နေပြီလား၊ မင်းကိုလစာလျှော့တယ်"

"ဟာ၊သွားပြီ"

ဟုတ်သည်၊စည်းကမ်းချက်ထဲမှာ မေးခွန်မထုတ်ရ ပါသည်။ သေစမ်း
လစာလျှော့ခံထိပြီ။တိုင်းခမ်းအာဏာကိုမှ မေးခွန်းပြန်ထုတ်မိလေခြင်း။စင်္ကြံတစ်လျှောက်ရှိ မအိပ်သေးပဲ လျက်ယားလျက်ယား ထွက်
နေတဲ့ဝန်ထမ်းအချို့ အခန်းထဲ ပြန်ဝင်သွားတော့မှ ဘုန်းဆက်အခန်း
ရှေ့ရောက်လာပြီး ခြေစုံရပ်လိုက်သည်။ ပြီးတော့လက်ထဲကpizza
ဘူးကိုကြည့်ရင်း အခန်းတံခါး ခေါက်၏။

"ဒေါက်!ဒေါက်"

အခန်းထဲမှ အသံပြန်မပေးသလို၊ တံခါးလည်း လာမဖွင့်တော့ တိုင်း
အခန်းတံခါးကို သာသာလေးတွန်းကြည့်၏။ တံခါးက သော့ချထားပုံ
မရ။ ဖွင့်လိုက်တာနဲ့ အလွယ်တကူပွင့်သွားသည်။ တိုင်းအခန်းကျဥ်း
လေးထဲ ဝင်လာရင်း Pizzaဘူး နဲ့ အဖျားပျောက်ဆေး၊ ချောင်းဆိုး
ပျောက်ဆေးအချို့ကို စာကြည့်စားပွဲပေါ်ချထားလိုက်ပြီး ပြန်ထွက်ဖို့
ရည်ရွယ်လိုက်၏၊သို့သော် စားပွဲပေါ်မှ အရုပ်လေးကတိုင်းရဲ့စိတ်ကို
ညို့ယူလိုက်တော့ တိုင်းတံခါးပြန်ပိတ်လိုက်ပြီး ထိုအရုပ်ကလေးကို
ယူကြည့်လိုက်တာဖြစ်သည်။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now