Ep_17

5.2K 266 1
                                    

Unicode

လေလံအောင်ပြီးနောက် ကမ်းလှမ်းထားသည့် ဆောက်လုပ်ရေးကုမ္ပဏီမှပေးပို့ထားသော hotel designတွေကို စိတ်တိုင်းကျ
သည်အထိ အကြိမ်ကြိမ်ပြောဆိုပြုပြင်ပြီးမှ ဆောက်လုပ်ရေးကုမ္ပဏီနဲ့စာချုပ်ချုပ်သည်။ထို့အပြင်ဟိုတယ်ကိုတစ်လအတွင်းစဆောက်ရန် ကုန်ကျမည့်စရိတ်တွေကိုစစ်ဆေးရ၏။

ထို့အပြင်ဟိုတယ်အသစ်အတွက် လိုအပ်သည့် ဝန်ထမ်းတွေခေါ်ရန်လဲမန်နေဂျာအားလွှဲထားသည်။ ဦးမင်းထည်ဝါ Laptop ထဲရှိ စာရင်းဇယားတွေနှင့်အလုပ်ရှုပ်နေတုန်းမှာပဲ ဒေါ်ငွေနန်းရွှေရည် ကအလိုက်
သိစွာဖြင့်အအေးခွက်ကို စားပွဲပေါ်တင်ပေး၏။ ပြီးတော့ ခင်ပွန်းဖြစ်သူကိုသေချာကြည့်၍ အလိုမကျသော ပုံစံဖြင့်

"ကိုမင်းထည်၊ ကျွန်မတို့သားလေး မွေးနေ့ရောက်တော့မယ်နော်၊ရှင်
မေ့နေပြီလား"

"ဟင်!"

ဇနီးဖြစ်သူပြောမှ စာရွက်စာတမ်းတွေကို ခဏချထားလိုက်ပြီး ထူတန်းနေသောမျက်ခုံးတန်းတွေစုကျုံ့သွား၏၊ပုံစံကအတိတ်မေ့သလိုရွှေပျောက်သလို။ဟုတ်သည်...။တိုင်း၏မွေးနေ့နီးကပ်နေပြီ။တစ်
လျှောက်လုံး ဟိုတယ်ကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေကာ မွေးနေ့ကိုမေ့
လျော့နေခဲ့တာဖြစ်သည်။ ဆုံလည်ဆိုဖာပေါ်ထိုင်ရင်း မိန်းမဖြစ်သူကို မော့ကြည့်လိုက်တော့ စူးရဲသောမျက်ဝန်းတွေကရန်လိုနေသလိုပင်။ဒေါ်ငွေနန်းရွှေရည်က ခင်ပွန်းဖြစ်သူ၏ အလိုလိုက်ခံထားရသူမလို့ မိန်းမပီပီ ဂျီကျတတ်သည့်အကျင့်တော့ရှိသည်။

"ဟွန်း!ရှင့်မလဲ..အမြဲအလုပ်တွေရှုပ်နေတာ၊ ကိုယ့်သားမွေးနေ့တောင်
မှ သတိရသေးရဲ့လား"

"အို...နန်းရယ်..နန်းလဲသိရဲ့သားနဲ့ အစ်ကိုက ဟိုတယ်အသစ်ဆောက်ဖိူ့အတွက်လုံးပန်းနေရတာကို"

"ထားတော့..စံအိမ်က ဒေါ်မြညိုနဲ့အတူ နန်းပဲ ကြည့်ကြပ်စီစဥ်လိုက်တော့မယ်"

"သားရော စံအိမ်မှာရှိတယ်မလား"

"ရှိပါ့...နန်းဖုန်းဆက်တုန်းကတောင်ခရီးကပြန်ရောက်ပြီး အနားယူ
နေတယ်တဲ့လေ"

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now