Ep_25

5.3K 262 7
                                    

Unicode

ဆေးရုံရောက်သည်နှင့် တိုင်းကချက်ချင်းခွဲခန်းဝင်ရသည်။ 2နာရီနီးပါးရှိနေပြီဖြစ်သည့် ခွဲစိတ်မှုရလဒ်ကိုစောင့်နေရင်း ဘုန်းဆက်တစ်ယောက် နေရာမှာတင် လူသေကောင်လို မလှုပ်မယှက်။ထိုစဥ် ဆေးရုံထဲသို့အပြေးအလွှားဝင်လာသည့် လူကိုကြည့်တော့ ခန့်ဆက်နှင့်
ခေတ်နေရောင်က အနားကိုအပြေးရောက်လာ၏။ အင်္ကျီတစ်ခုလုံး သွေးတွေပေကျံနေတော့ ခန့်ဆက်အံကြိတ်ကာ ညီဖြစ်သူကိုဆွဲဖက်
ထားလိုက်တော့သည်။သတင်းကြားကြားချင်း လိုက်လာတာပေမယ့်
သူငယ်ချင်းတစ်ယောက်လုံးaccidentဖြစ်တာမလို့ခေတ်နေရောင်လဲ မျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်ကာ ခွဲစိတ်မှုရလဒ်ကိုစိတ်ပူနေသလို စိတ်လဲမကောင်းချေ။

"ဘယ်လိုဖြစ်တာလဲ ဘုန်းဆက်!ကိုခမ်းကမင်းနဲ့ စကားများလို့လား
ဘာဖြစ်ရတာလဲ"

အသံတွေတုန်ယင်လျှက်မေးလာတော့ ဘုန်းဆက်ပင့်သက်ရှိုက်ကာ

"တိုင်းသိသွားပြီ!"

ခန့်ဆက်မျက်မှောင်ကုပ်၍ ဘုန်းဆက်ပြောသည်ကိုနားမလည်။ ခေတ်နေရောင်ကို တစ်ချက်မော့ကြည့်ပြီးနောက်

"ဘာသိတာလဲ!"

"မိဘတွေရဲ့ဆက်နွယ်မှု"

ခန့်ဆက်သံယောင်လိုက်ပြီးပြောမိတော့ ဘုန်းဆက် ကျစ်ခနဲစုတ်သပ်ကာ ဆံပင်တွေကို စိတ်ပျက်လက်ပျက်ထိုးဖွ၏။ထို့နောက် အကြောင်း
အရာအားလုံးကို မချွင်းမချန်ပြောပြလိုက်သည်နှင့် နားထောင်နေ
သည့် ခေတ်နေရောင်ပင် ပါးစပ်အဟောင်းသားဖြစ်သွားရသလို၊
ခန့်ဆက်ကိုယ်တိုင်လဲ နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်မိကာမျက်
ရည်ပိုးပိုးပေါက်ပေါက်ကျလာတော့သည်။

သူထင်ထားခဲ့သည်က ဟိုတယ်မီးလောင်ပြီးနောက် ပိုင်ဆိုင်သမျှအကုန်မီးထဲပါသွားတာမို့အာမခံ မထားရှိသဖြင့် လျော်ကြေးမရဘူး ဟူ၍ပင်။ပြီးတော့ royal palaceကိုလဲ အမည်တူနေသော်ငြား မြေနေရာက သူတို့မြေဟူ၍မထင်ထားခဲ့ခြင်းကြောင့်ဖြစ်သည်။ တကယ်တမ်း ဟိုတယ်မီးလောင်မှု၏တရားခံတင်မဟုတ်၊ မြေနေရာရော၊စံအိမ်ကိုပါ အပိုင်သိမ်းခဲ့ခြင်းတဲ့လား။ ခံပြင်းလွန်း၍ အံတင်း
တင်းကြိတ်ရင်း လက်သီးဆုပ်မိလျက်သားပင်။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now