(2)

15K 928 36
                                    

နှင်းသီတာ ဘော်ဒါဆောင်

ရွှေကျင်မြို့ရှိ နာမည်ကျော်ကြားတဲ့ ဘော်ဒါဆောင်တွေထဲကတစ်ခု၊ စည်းကမ်းတင်းကျပ်ပြီး အရိုက်ကြမ်းသော ဒီဘော်ဒါဆောင်ကနေ ဂုဏ်ထူးရှင်တွေ အများအပြားမွေးထုတ်ပေးလေ့ရှိတာကြောင့် မြို့နယ်တစ်ဝိုက် ဂုဏ်သတင်းမွှေးပျံ့နေ၏။ 8တန်း၊ 9တန်း၊ 10တန်း အပြင်၊ ဆယ်တန်းအပြင်ဖြေတွေကိုပါ လက်ခံသင်ကြားပေးတာဖြစ်၏။ယောက်ျားလေးအဆောင်၊ မိန်းကလေးအဆောင် ခွဲထားတာကြောင့် ဘော်ဒါမှာနေပြီး ကျောင်းတက်တဲ့သူတွေ ရှိသလို သော်တို့လို ဘော်ဒါမှာ ညအိပ်ပြီးမှ အိမ်ပြန်ထမင်းစား၊အဝတ်အစားလဲပြီး အိမ်ကနေမှတဆင့် ကျောင်းသွားတဲ့သူတွေလည်း ရှိ၏။ယခုလည်း သော်က ကျောင်းကနေ အိမ်ပြန် ရေမိုးချိုး၊ ထမင်းစားပြီး ဘော်ဒါဆောင်ကို ရောက်လို့ စာသင်ရန် အဆင်သင့် စောင့်နေတာ ဖြစ်၏။

"ချမ်း​မြေ့ ဘော်ဒါကို ကျောင်းသူအသစ်ရောက်တယ်တဲ့..."

"ဟုတ်လား နှစ်တက်လား နှစ်ကျလား..."

"နှစ်တက် နှစ်တက် မေသဲလွှာလေး...ဟီးဟီး.. ငါတို့ Aခန်းက..."

အကုန် သိနေတဲ့အ​​ပြင် ချောတာလှတာမြင်ရင် ဝေဟင်တို့ မျက်နှာပိုးမသေ။

"ဝေဟင်..မျက်နှာပိုးကို မသေဘူးနော်..."

"မေသဲလွှာကို သေချာကြည့်ကြည့် ချစ်စရာလေး..."

"မင်းကတော့..."

အုပ်စိုးက ခဏနေရင် စာစသင်ရတော့မှာမို့ အိပ်ချင်ပြေ သောက်လို့ရအောင် ကော်ဖီသွားဖျော်နေ၏။ ဝေဟင်ကတော့ ဘော်ဒါတစ်ဆောင်လုံး အပ်ကျတာကအစ သူသိသလို သိသမျှကိုလည်း အုပ်စိုးနဲ့ သော့်ကို ဖောက်သည်ချနေကျ ဖြစ်၏။အုပ်စိုး ပြန်ရောက်လာပြီး ဝယ်လာတဲ့ အချဥ်ပေါင်းတွေကို သော်နဲ့ ဝေဟင်ကို ခွဲပြီး ပေး၏။သော်တို့လည်း ဆရာ မရောက်လာခင် ပုံသေနည်းတွေ ထိုင်ကြည့်နေလိုက်၏။ခဏကြာတော့ ဆရာရောက်လာပြီး နောက်တွင် စာအုပ်ခြင်းဆွဲထားတဲ့ ကျောင်းသူ တစ်ဦး..ဆရာတက်လာတာကို ကြည့်ရင်းနဲ့ ကြည့်လိုက်မိတော့ ဝေဟင်ပြောတဲ့ မေသဲလွှာဆိုတဲ့ တစ်ယောက်ထင်၏။

ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)Where stories live. Discover now