"ဂီး ဂီး! "
ညငှက်တို့ အော်မြည်သံက အမှောင်ယံထဲ သည်းထိတ်ရင်ဖို။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သော့်ကို မနှိုးရက်တော့တာကြောင့် မောင်တစ်ယောက်ထဲ ချမ်းချမ်းစီးစီးဖြင့် ဓာတ်မီးယူပြီး ထွက်လာခဲ့လိုက်တာ။ရွှေကျင်မှာက ဆောင်းတွင်းဆို ဇန်နဝါရီ၊ ဖေဖော်ဝါရီအထိ အအေးဓာတ်က မလျော့။ဆောင်းညတွေ အေးလွန်းလို့ ဝါးလုံးတောင် ကွဲသတဲ့လေ။သော်ရော တစ်ခြားသူတွေရော နိုးမှာစိုးတာကြောင့် ခြေဖွနင်းရင်း အောက်ထပ်ကို ဆင်းလာခဲ့လိုက်၏။အရင်တစ်ပတ်က မဒေါက်လမ်းလျှောက်ပွဲကို ခိုးသွားတဲ့ 15ယောက်လုံး အလံတိုင်ကွင်းမှာ ဒူးထောက်လက်မြှောက်နေရတာ၊ သူများတွေ ပြန်သွားတဲ့အထိ မပြန်ရတဲ့အဖြစ်ကို ပြန်စဥ်းစားမိတော့ မောင်ပြုံးမိသွား၏။အဲ့တုန်းက မောင်ဖြင့် သော့်ကို သနားလိုက်တာ။အကုန်လုံးအတူတူမို့ သော်ကတော့ ဘာမှမဖြစ်ဘူးဆိုပေမယ့် မောင့်မှာ နည်းနည်းလေးတောင် အထိခိုက်မခံချင်ဘူးလေ။မောင်ဘဲ သော့်အစား အပြစ်အစားခံယူပေးလိုက်ချင်တာ။ကြည့်! မင်းချစ်သူမောင်တို့ အပေါ်ကနေ အောက်ဆင်းလာတဲ့ ခဏလေးကို သော့်အကြောင်းတွေးလို့ မဆုံးနိုင်။
"အင်းဟင်းဟင်း...."
"ကျစ်!! "
မောင်မေ့သွားတာ။လမ်းကြောင်းပြောင်းပြီးသွားလိုက်ရမှာကို။ကြောက်တယ်လို့ မဟုတ်ပေမယ့် နဖူးတွေ့ဒူးတွေ့ဆိုတော့ ရင်တွေအခုန်မြန်ပြီး ကြက်သီးတွေ ထလာ၏။ပရိတ်ကြိုးကလည်း သော့်ကို ပေးထားတာ။မောင်အရင်က မမြင်ရပါဘူး ဘာလို့ ဒီဟာကြီးကျမှ ။
"အကြည့်ချင်းမဆုံနဲ့ အကြည့်ချင်းမဆုံနဲ့ "
ကိုယ့်ကိုကိုယ် သတိပေးရင်း ခပ်သွက်သွက်လျှောက်တော့ ထိုအရာက မောင့်ခပ်လှန်းလှန်းကနေ ဝဲပျံကာ လိုက်နေ၏။ ပထမတစ်ခါ တွေ့တုန်းကကျ ကော်ရစ်တာရဲ့ နံရံပေါ်မှာ ဇောက်ထိုးကြီးနေနေတာ။မျက်လုံးအစုံက ပြူးကျယ်နေပြီး လည်ပင်းနေရာမှာကလည်း သွေးတွေလိုလို နီရဲနေပြီး အရိုးကြီးလည်း ငေါထွက်လို့ နေ၏ ။နက်မှောင်နေတဲ့ ဆံပင်ရှည်ကြီးတွေနဲ့ သွေးမရှိတဲ့ အသားအရည် ပါးစပ်ပြဲကြီးနဲ့ မသတီချင်စရာ ညည်းသံကြီးက မောင့်ကို စိတ်ဒုက္ခပေးနေသယောင်။
YOU ARE READING
ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)