(40)

8.7K 516 33
                                    

တီငယ် စိုးရိမ်စွာ တားနေတဲ့ကြားက အာကာ့ကို လှမ်းခေါ်ကာ ရူခင်းသာကို ထွက်လာခဲ့လိုက်၏။ဒီနေရာမှာ မောင့်အငွေ့အသက်တွေ အပြည့်နဲ့။အာကာကတော့ ပို့ပြီးတာနဲ့ ပြန်ထွက်သွား၏။မောင့်ကို ဒီအကြောင်းတွေ သွားမပြောမိဖို့ ပြောထားရ၏။လွမ်းလိုက်ရတာ...ဒီအတိုင်းဘဲ ဝေးသွားကြရမယ် ဆိုရင် သော် တကယ် နောင်တရမိမှာ။ပြန်စဥ်းစားကြည့်မိတော့ အခုအချိန်ထိ မောင့်ကို ချစ်တယ်လို့ မပြောရသေး။အဖြေ တောင်းတုန်းကလည်း အင်းလို့ ပြောခဲ့ရုံ၊ ချစ်လား မေးရင် ခေါင်းလေး ညိတ်ခဲ့ရုံ။မောင် အဆင်မှ ပြေပါ့မလား။ မောင့်စိတ်အတိုင်းဆို သူ့အဖေနဲ့ စကားများရင်း ဆန္ဒတွေ ပြနေလောက်ပြီ။ မောင်က သော့်အပေါ်မှာသာ နူးနူးညံ့ညံ့ ညင်ညင်သာသာနဲ့ ကလေးတစ်ယောက်လို ဆက်ဆံခဲ့တာ။

"ညီလေးက ချမ်းမြေ့ဦးသော်လား "

"ဗျာ "

ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းထားတဲ့ လူတစ်​ယောက်။ သော့်ထက် အများကြီး ကြီးလောက်မယ်ထင်၏။

"ဟုတ်ပါတယ် ထိုင်မယ်နော် "

"ဟုတ် ဘယ်သူလဲ မသိ! "

"အစ်ကို့ကို မသိလည်း ကိစ္စမရှိပါဘူး ဒါနဲ့ ဦးမောင်မောင်ဖုန်းနဲ့ ချိန်းထားတာလား "

"ဟုတ် သိလို့လား "

"သိတာပေါ့ ညီလေးက မင်းချစ်သူမောင်ရဲ့ ချစ်သူဆိုတာ သိတယ် ဘာကိစ္စနဲ့ ဒီကို ရောက်နေရတာလဲ ဆိုတာလည်း သိတယ် "

"ရဲလားဟင်! "

"ဟား ဟား မဟုတ်ပါဘူး မင်းချစ်သူမောင်တို့ တကယ် ရွေးတတ်ပါ့ ညီလေးက အချောအလှလေးဘဲ "

"ဟုတ် ကျေးဇူးတင်ပါတယ် "

"ကဲ ထားပါ အစ်ကို တစ်ခုအကူအညီတောင်းချင်လို့ "

"ဟုတ်! "

"ဒီပစ္စည်းလေးကို ဦးမောင်မောင်ဖုန်း မသိအောင် ထားခဲ့ချင်တာ ပြီးကျရင် အစ်ကို လာပြန်ယူမယ် သူ လာတာနဲ့ ဒီခလုတ်လေးကို နှိပ်လိုက်! "

"ဒါက ဘာကြီးလဲ "

"အင်း ရှင်းပြရင်တော့ နည်းနည်းရှည်တယ် အစ်ကို့ကို ယုံ နော် ပြီးတော့ လျှို့ဝှက်ထားပေး "

ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)Where stories live. Discover now