"သွားတော့သော် အိမ်ထဲဝင်တော့! မဟုတ်ရင် ဒီနားမှာတင် မောင် သော့်ကို သတိလစ်တဲ့အထိ နမ်းမိသွားလိမ့်မယ်! "
"မောင်ကလည်း "
သော့်အသံက တိုးတိုးညင်းညင်း။မောင့်စိတ်တွေ လွတ်မသွားအောင် သတိကြီးကြီးထားနေရတာ။တစ်ခြားနေရာမှာသာ မောင်က သော့်ကို ဖူးဖူးမှုတ်ထားပေမယ့် အနမ်းတွေနဲ့ ပတ်သက်ရင် တစ်ခါမှ ညှာတယ်လို့ မရှိခဲ့ဘဲ။
"ဝင်တော့ သည်းငယ်! ထပ်ဖျားသွားလိမ့်မယ် "
"အင်း "
"မောင် သော့်ကို ချစ်တယ်နော် "
"အင်း "
"သော်လေး! "
"ဟင် တီငယ် "
နောက်ကျောကနေ တီငယ့်ခေါ်သံထွက်လာတဲ့အချိန်မှာ သော့်မှာ အပြစ်လုပ်ထားသူနှယ် တုန်ယင်သွားသလို မောင်လည်း ရုတ်တရက်မို့ ကြောင်အသွား၏။သို့ပေမယ့် ချက်ချင်းသတိဝင်လာကာ သော့်ကိုယ်လုံးလေးကို ဆွဲယူရင်း မောင့်နောက်ကျောသို့ ပို့လိုက်၏။ဟုတ်သော်ရှိ မဟုတ်သော်ရှိ သော့်ခန္ဓာကိုယ်လေးဟာ မောင့်နောက်ကျောမှာ လုံလုံခြုံခြုံ။
"မင်းချစ်သူမောင်လား "
"ဟုတ်ကဲ့ တီငယ် "
"ဘယ်လိုဖြစ်လို့ မှောင်ကြီးမဲကြီးထဲမှာကွယ် အိမ်ထဲဝင်လေ သားတို့ရဲ့ "
"ဟို သားလည်း ခဏဘဲဆိုပြီး "
"သော်လေးက အိမ်ထဲခေါ်တာမဟုတ်ဘူး အပြင်ကြီးမှာ "
"ဟုတ်...ဟုတ် တီငယ် "
သူတို့အခြေအနေတွေ တီငယ်မြင်သွားလား မမြင်သွားသလား သော် မခန့်မှန်းတတ်။တီငယ်ရဲ့ အသံက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ဘဲ ပြောနေတာကြောင့် အနည်းငယ်တော့ စိတ်သက်သာရာ ရသွား၏။
"အဲ့ဒါဆို သော် မောင်ပြန်တော့မယ်နော် "
"အင်း အင်း "
"သော်လေးက ဖွားဖွားဆီ သွားလိုက်အုံး"
"ဟုတ် တီငယ် "
မောင်ကလည်း ပြန်မယ်သာပြောနေတာ ခြေလှမ်းတစ်လှမ်းတောင် မရွေ့သလို တီငယ်ကလည်း ရပ်မြဲရပ်ကြည့်နေ၏။ ပတ်ဝန်းကျင်လေထုက ရုတ်ချည်းအေးစက်သွားသယောင်။ သော်ကဘဲ သူတို့နှစ်ယောက်ကို တစ်လှည့်ဆီကြည့်ရင်း အိမ်ထဲဝင်လာခဲ့လိုက်၏။တီငယ် တွေ့သွားတာလား။ မောင့်ကိုများ တစ်ခုခုပြောမလို့လား။သော့်စိတ်ထဲ ပူပန်လာရ၏။ဖွားဖွားအခန်းထဲ ဝင်လာသည့်တိုင် သော့်စိတ်တွေက အပြင်ဘက်က လူနှစ်ယောက်ဆီမှာ ကျန်နေခဲ့၏။မောင် အဆင်မှ ပြေပါ့မလား။ခဏကြာတော့ မောင့်ဆိုင်ကယ်သံ သဲ့သဲ့ကို ကြားလိုက်ရပြီး တီငယ်လည်း သော်ရှိရာ ဖွားဖွားကြီး အခန်းထဲကို ဝင်လာခဲ့၏။သော့်မှာ ဖွားဖွားကြီးကို ခြေဆုပ်လက်နယ်ပြုနေရင်း တီငယ့်ရှေ့က အငွေ့ပျံကာ ပျောက်ကွယ်သွားချင်နေမိ၏။
YOU ARE READING
ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)