"သော်လေး "
"ဗျာ တီငယ်! "
"စာသေချာကြိုးစားနော် သား တစ်ခြားဆီ စိတ်မရောက်နဲ့အုံး "
"ဟုတ်ကဲ့ တီငယ် သား စာသေချာလုပ်ပါတယ် "
"အင်း တစ်ခုခုဆို တီငယ့်ကို ပြောနော် သော် "
"ဟုတ်ကဲ့ တီငယ်! "
မျက်နှာထားတည်တည်နဲ့ ပြောလာတဲ့ တီငယ့်ကြောင့် သော့်စိတ်ထဲ ထူးဆန်းသွားပေမယ့် စိတ်ထင်လို့နေမှာပါဆိုပြီး အတွေးတွေကို ရှင်းထုတ်လိုက်၏။ဟိုနေ့က ကိစ္စကိုလည်း သော့်စိတ်ထဲ နောက်ကျောမလုံသလို ဖြစ်နေတာကြောင့် မောင့်ကို ဒီရက်ထဲတော့ အိမ်မှာ လာမကြိုပါနဲ့အုံးဟု ပြောထားရ၏။
"မင်းချစ်သူမောင်ရော မတွေ့ပါလားသား အရင်ကဆို ချောင်းပေါက်အောင် လာနေတာ "
"ဟီး သူ့ဆိုင်ကယ်ပျက်နေလို့တဲ့ တီငယ်! "
"သြော်! "
တီငယ်က ဘာမှမဆက်မပြောတော့။သော့်အတွက် ထမင်းချိုင့်ပြင်ပေးနေတာမို့ သော်လည်း ထမင်းစားရင်း စောင့်နေလိုက်၏။ထမင်းစားခန်းထဲက မောင်နဲ့ အမှတ်တရတွေ ပြန် စဥ်းစားမိတော့ သော့်မျက်နှာ၌ အပြုံးနုနုတို့ ဖြစ်ထွန်းသွား၏။မောင်က သော့်အတွေးတွေထဲအထိ စိုးမိုးနိုင်လွန်း၏။
"ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်ဆိုတဲ့ မင်းချစ်သူမောင် ထမင်းစားခန်းကို လာပါအုံး "
လူကြီးဖြစ်ပြီး ခနဲ့တဲ့တဲ့လုပ်နေတဲ့ ဖေကြီးကို မောင့်မှာ မျက်နှာတွေ မဲ့ရွဲ့ပြလိုက်မိ၏။မေကြီးကတော့ မောင်တို့နှစ်ယောက်ကို ပြုံးပြီး ကြည့်နေ၏။
"ဘာပြောမလို့လဲ ခင်ဗျ "
"ဘာမှမဟုတ်ဘူး သားမောင်ရေ မနက်စာ စားမို့ခေါ်တာ "
"ဟုတ် မေကြီး! "
မောင်က စကားတစ်ခွန်းမှ မဆိုဘဲ အဆင်သင့် ပြင်ပေးထားတဲ့ ကော်ဖီနဲ့ မုန့်ကို ဇိမ်ယူကာ စားသောက်နေလိုက်၏။သော်ကလည်း အိမ်ကို မလာနဲ့အုံးလို့ ပြောထား၍ မောင့်မှာ မသွားရတော့ မနက်ခင်းဆို မောင့်မှာ အချိန်တွေ ပိုနေ၏။
YOU ARE READING
ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)